နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တရားမဝင်သစ် တန် ၆၀၀ ကျော် ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ   ၂၁


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည်    တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်  (Com-munity Monitoring and Reporting System- CMRS) အပါအဝင်  နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်  တိုင်းဒေသ ကြီး   သစ်တောဦးစီးဌာနများမှ  ပေးပို့လာသော စာရင်းများအရ  တရားမဝင်ကျွန်း   ၁၉၁   ဒသမ ၆၃၁၄  တန်၊   သစ်မာ  ၁၁၂  ဒသမ  ၇၆၈၆ တန်၊ အခြား ၃၀၉ ဒသမ ၂၇၆၅ တန် စုစုပေါင်း ၆၁၃ ဒသမ ၆၇၆၅ တန်၊ တရားခံ  ၄၃ ဦး၊ ယာဉ်/ယန္တရား ၂၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း   သစ်တောဦးစီးဌာနမှ  သိရ သည်။  
                                  

သတင်းစဉ်