မြန်မာ ယူ-၂၂ အသင်း ယူအေအီးခြေစမ်းခရီးစဉ် ပထမဆုံးပွဲတွင် သရေကျ

 

ရန်ကုန်    ဧပြီ    ၂၁


(၃၁) ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ  အကြို ပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ပထမခြေစမ်းပွဲအဖြစ် မြန်မာစံတော်ချိန် ဧပြီ ၂၁ ရက် နံနက်အစောပိုင်းက ယူအေအီး ကလပ် ဒူဘိုင်းစီးတီးအသင်းနှင့် ယှဉ်ပြိုင် ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

 


မြန်မာ ယူ-၂၂ အသင်းသည်    ဆီးဂိမ်း ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မေလ ပထမပတ် အထိ ယူအေအီးနိုင်ငံ၌ လေ့ကျင့်နေခြင်းဖြစ် ပြီး ယခုလအတွင်း ခြေစမ်းပွဲများ ဆက်တိုက် ကစားသွားမည်ဖြစ်သည်။ မြန်မာအသင်း သည် ပထမဆုံးခြေစမ်းပွဲအဖြစ် ယူအေအီး ပထမတန်းကလပ် ဒူဘိုင်းစီးတီးအသင်းနှင့် ကစားရာ သရေရလဒ်  ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။     မြန်မာအသင်းအတွက်      ဂိုးကို မြတ်ကောင်းခန့်က သွင်းယူခဲ့သည်။ 

 


ဒူဘိုင်းစီးတီးအသင်းသည် ယူအေအီး ပထမတန်းတွင်ကစားနေသည့် အသင်းဖြစ်ပြီး နိုင်ငံခြားသားကစားသမားများလည်း ပါဝင် ကစားလျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်း သည် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ဧပြီ ၂၃ ရက်တွင် ယူအေအီးပရိုလိဂ်ကလပ် FC Sharjah အရန်အသင်းနှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။                          

ရဲရင့်လွင်