စီရင်ချက်အမိန့်ချမှတ်

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့အပေါ် စီရင်ချက်အမိန့်ချမှတ်

 

နေပြည်တော်   ဧပြီ   ၂၃      


ကချင်ပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ဝန်ကြီးဟောင်းများဖြစ်ကြ သော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့် တို့နှင့် ဆက်စပ်တာဝန်ရှိပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ  စုံစမ်း စစ်ဆေး  အရေးယူပေးပါရန်  တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က   စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်း စစ်ဆေးခဲ့သည်။


စစ်ဆေးတွေ့ရှိချက်အရ    ကချင်ပြည်နယ် အစိုးရအဖွဲ့       ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းနှင့် ဦးဝင်းညွန့်တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား- ဗန်းမော်လမ်း  AC  ကတ္တရာ  ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြား ချက်အမှတ်   ၁/၂၀၁၇  နှင့်အညီ  တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ  နိုင်ငံတော်သို့  အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား   လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည် အသွေးမပြည့်မီသဖြင့်    ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ   ဆောင်ရွက်မှုမရှိခြင်း တို့ကြောင့် နိုင်ငံတော်၏ ငွေကြေးကို နစ်နာဆုံးရှုံး စေခဲ့ခြင်း။


ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး ဟောင်း ဦးဝေလင်းနှင့် ဦးလဆိုင်း(ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန်   ၁၀၀၀၀  အား  ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏   ညွှန်ကြားချက်အမှတ် ၁/၂၀၁၇       တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ တစ်တန်လျှင် ကျပ် ၃၆၀၀၀ ဖြင့် ဈေးနှုန်းလျှော့၍  ကုမ္ပဏီနှစ်ခုအား တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့ရာ နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊  ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၀) အရ     သလင်းကျောက်   ရောင်းချရရှိငွေ၏    ၂၀ ရာခိုင်နှုန်း   ငွေကျပ်  ၇၂  သန်းကို  ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့  ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးချုပ်ဟောင်း   ဒေါက်တာ ခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်း တို့သည်  နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင်    ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ    (General Reserve Fund- GRF) မှ သုံးစွဲခွင့်မရှိသည့် ငွေကျပ် ၁၄၉၂ သန်းကျော်ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း နှင့် ကိုက်ညီမှုမရှိဘဲ သုံးစွဲဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးချုပ်ဟောင်း   ဒေါက်တာ ခက်အောင်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀    ဘဏ္ဍာရေးနှစ်တွင်   မြေမြင့်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နှင့်   ဒူကထောင်ရပ်ကွက်တို့ အတွင်း   ကတ္တရာလမ်းသစ်ခင်းခြင်း၊  ကွန်ကရစ် တံတားနှင့်   ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်း သုံးခုတို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၄၈    သန်းကျော်အား   နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်   ၁/၂၀၁၇  တင်ဒါလုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်း ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ နစ်နာဆုံးရှုံးစေခဲ့ ခြင်း။


ပြည်နယ်ဝန်ကြီးဟောင်း      ဦးဇော်ဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀  ပြည့်နှစ်အတွင်း  နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံ ဝန်ထမ်းများထံမှ ငွေနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၂၁ သိန်းခန့်ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးဟောင်း      ဦးဝေလင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ် အတွင်း   ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီးလမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင် ရောင်းချရရှိငွေကျပ်   ၅၂၅  သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေး ငွေ ခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်း ကျော်အား ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့်ရယူခဲ့ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ် ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ် အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို တောင်းခံရယူခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးဟောင်း ဦးလဆိုင်း (ခ) ဦးဒါရှီ လဆိုင်းသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ်ပါတီရုံး နှင့် ဖားကန့် မြို့နယ်ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင်များထံမှ စုစုပေါင်း  ငွေကျပ်  သိန်း ၉၆၀ ကို တောင်းခံရယူ ခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးဟောင်း   ဦးဝင်းညွန့်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀   ပြည့်နှစ်အတွင်း  ဝိုင်းမော်မြို့နယ် ပါတီရုံး ဆောက်လုပ်ရန်    အကြောင်းပြကာ   စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀ ကိုလည်း ကောင်း၊ နေပြည်တော်ပါတီသုတေသနရုံး လိုအပ် သော   ပစ္စည်းများဝယ်ယူရန်  အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံ ရယူခဲ့ခြင်း။


ပြည်နယ်ဝန်ကြီးဟောင်း       ဦးနေဝင်းနှင့် ဦးနော်လီ  (ခ) ဇခေါင်ခမ်းရယ်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့သည်  ၂၀၁၈-၂၀၁၉၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင် သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီး အတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ငွေကြေးများ ထိခိုက် နစ်နာဆုံးရှုံးစေခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်းများ ဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ)  ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း ကချင်ပြည်နယ် တရားလွှတ်တော် တွင် ၂၀-၉-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၁၂/၂၀၂၁ အထိ အမှု ၁၂ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။ 


၎င်းအမှုများအပေါ်   ပြစ်မှုထင်ရှားသဖြင့် ကချင် ပြည်နယ်တရားလွှတ်တော်က ဧပြီ ၂၂ ရက်တွင် ဒေါက်တာခက်အောင်အား    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ   ၅၅  အရ  အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်၊ ဦးဝေလင်းအား  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ်  ကိုးနှစ်  ကျခံစေရန်၊ ဦးဝင်းညွန့်၊    ဦးလဆိုင်း   (ခ)  ဦးဒါရှီလဆိုင်း၊ ဦးနော်လီ   (ခ) ဇခေါင်ခမ်းရယ်၊   ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အား  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန်နှင့်  ညွှန်ကြားရေးမှူး   ဦးစိုးနိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့်  ထောင်ဒဏ် ရှစ်လနှင့်  ဒဏ်ငွေကျပ် သုံးသိန်းကို တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်