ဗလင်စီယာကို အနိုင်ယူပြီး ကိုပါဒယ်ရေးဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဘက်တစ်

 

စပိန်ကိုပါဒယ်ရေးဖလား    ပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲဘက်တစ် အသင်းနှင့် ဗလင်စီယာအသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ  ပယ်နယ်တီ အဆုံးအဖြတ်တွင်     ဘက်တစ် အသင်းက ငါးဂိုး-လေးဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ 
ထို့ကြောင့် ဘက်တစ်အသင်း သည် ကိုပါဒယ်ရေးဖလားကို ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။    ဘက်တစ် အသင်းအနေဖြင့်  ကိုပါဒယ်ရေး ဖလား ဆွတ်ခူးနိုင်ခြင်းမှာ အသင်း သမိုင်းတစ်လျှောက် အဓိကဖလား လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘက်တစ်အသင်းသည် ယခုဖလား မဆွတ်ခူးမီ ၁၉၃၄-၃၅ ခုနှစ်က လာလီဂါဖလား တစ်ကြိမ်၊ ၁၉၇၇ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် စပိန်ဖလား နှစ်ကြိမ် ဆွတ်ခူးထား သည်။ ထို့အပြင် အသင်းနည်းပြ ပယ်လီဂရီနီသည် ၂၀၁၅-၂၀၁၆ နှစ်က    မန်စီးတီးအသင်းနှင့် လိဂ်ဖလား ကိုင်မြှောက်ခွင့်ရရှိပြီး နောက် ယခုအခါ   ပထမဆုံးအကြိမ်    ဖလားကိုင်မြှောက်ခွင့်    ရရှိခဲ့ခြင်း ဖြစ်သည်။  

 


အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲစဉ် ဖြစ်သည့်အတွက်   နှစ်သင်းစလုံး အားထားရသည့် ကစားသမားများ ဖြင့်     ပွဲထွက်လာခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့သည်။ ပွဲကစား ချိန်အတွင်း       တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့သည့်အတွက် ပယ်နယ် တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဗလင် စီယာအသင်းမှ မူဆာ လွဲချော်ခဲ့သည့် အတွက်    ဘက်တစ်အသင်းက  ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

 


ဦးဆောင်ဂိုးကို     ဘက်တစ် အသင်းက  ပွဲချိန်   ၁၁ မိနစ်တွင် စတင်ရရှိခဲ့ပြီး ဘော်ဂျာက သွင်းယူ ပေးခဲ့သည်။    ဗလင်စီယာအသင်း အတွက် ချေပဂိုးကို  ပွဲချိန်   မိနစ် ၃၀   တွင်  ဒူရိုက   သွင်းယူပေးခဲ့ သည်။                      

အောင်ဇော်