
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒေါက်တာအောင်သူနှင့် ၎င်းတို့၏ဇနီးများ နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး
===============================================================
နေပြည်တော် နိုဝင်ဘာ ၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး ဒေါ်လွင်လွင်မှန် တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပ မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲပေးကြ သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထား သည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင် ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာ ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြ သည်။
ဆန္ဒမဲလက်မှတ်များ ထည့်သွင်း
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဇနီး ဒေါ်ခင်သီတာတို့သည် ယမန်နေ့က ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက် များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြပြီး ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာ ဆန္ဒမဲပေးကြကာ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ် များ ထည့်သွင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်