ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၌ စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သမားများက မူလတန်းလွန်ဗဟိုစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဧပြီ  ၂၇


အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေး အတွက်   စာသင်ကျောင်းများဖွင့်လှစ်၍    စာပေ သင်ကြားပေးလျက်ရှိသည်ကို    လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက်    အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့်  စာသင် ကျောင်းများကို    မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊  လက်နက်ငယ်များ ဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ  ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ ဆရာမ များအား     အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို    ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိလာရသည်။ 

 


ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်   ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ် ရုံးကြီးရပ်ကွက်၌   မူလတန်းလွန်  ဗဟို စာသင်ကျောင်းရှိ   KG   စာသင်ခန်းအား အကြမ်းဖက် သူများက   မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ် ခဲ့ရာ  ၁၅   မိနစ်အကြာတွင်    မီးငြိမ်းသွားခဲ့ပြီး   မီးလောင်မှုကြောင့်     စာသင်ခန်းအတွင်းရှိ  အလျား ၂၄ ပေ၊ အနံနှစ်ပေရှိ  သင်ထောက်ကူ   ဗီရိုတစ်လုံးနှင့် မျက်နှာကြက်များ   မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

 


ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသည်ကို    မလိုလားဘဲ   စာသင် ကျောင်းများ    မီးရှို့ဖျက်ဆီးခဲ့သည့်   အကြမ်းဖက် သမားများကို        ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား ကျောင်းသူများ   အေးချမ်းစွာ   ပညာ သင်ကြားနိုင်ရေးတို့အတွက်  နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက    ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်