ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ရီးရဲမက်ဒရစ်ကို မန်စီးတီး အနိုင်ယူ

 

ယူအီးအက်ဖ်အေ  ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှ ပရီမီယာလိဂ်ကလပ်     မန်စီးတီး အသင်းနှင့်     လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက အီတီ ဟက်ကွင်း၌     အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများနှင့်အတူ     လေးဂိုး-သုံးဂိုးဖြင့်    မန်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။ 

 


ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သည် နှင့်အညီ ပွဲစသည်နှင့်တစ်ပြိုင်နက် ထိုးဖောက်  တိုက်စစ်ဆင်မှုများ ဖြင့် ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ပွဲချိန် နှစ်မိနစ် တွင် မာရက်ဇ်၏ ဖန်တီးမှုမှ ဒီဘရိုင်း ဂိုးသွင်းယူနိုင်ခဲ့သဖြင့်  မန်စီးတီး အသင်း  ဦးဆောင်ဂိုးရရှိခဲ့သည်။ အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် ဒီဘရိုင်း၏  ဖန်တီးမှု မှ    ဂျီးဆပ်က    သွင်းယူပေးခဲ့ သည်။ ရီးရဲမက်ဒရစ်အသင်းအတွက် ချေပဂိုးကို  ပွဲချိန်  ၃၃  မိနစ်တွင် မန်ဒီ၏ ဖန်တီးမှုမှ ဘင်ဇီမာက သွင်းယူပေးခဲ့သည်။ 

 


ပွဲချိန်တစ်လျှောက် အိမ်ရှင် မန်စီးတီးအသင်းက    ဖိအားပေး ကစားနိုင်ခဲ့သည်။ ပွဲချိန် ၅၃ မိနစ် တွင် မန်စီးတီးအသင်း တတိယဂိုး ရရှိခဲ့ပြီး   ဖိုဒင်က  သွင်းယူပေးခဲ့ သည်။ ရီးရဲမက်ဒရစ်အသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၅၅ မိနစ် တွင် ဗင်နီစီးယပ်စ်က သွင်းယူပေးခဲ့ သည်။ ထို့နောက် မန်စီးတီးအသင်း စတုတ္ထဂိုးရရှိခဲ့ပြီး ဆေးဗားလ်က သွင်းယူပေးခဲ့သည်။ ယခုပွဲစဉ်တွင် ခြေစွမ်းပြသနိုင်ခဲ့သော ဘင်ဇီမာ သည် ပွဲချိန် ၈၂ မိနစ်တွင် အသင်း အတွက်       တတိယချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေး နိုင်ခဲ့သည်။

 

ဘင်ဇီမာ သည်      ယခုနှစ်ရာသီတွင်     ရီးရဲ မက်ဒရစ်အသင်းအတွက် ၄၁ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၁၇-၁၈   ခုနှစ်    စီရော်နယ်ဒို နောက်ပိုင်း     တစ်ရာသီအတွင်း ရီးရဲမက်ဒရစ် အသင်း  အတွက်  ဂိုး ၄၀ သွင်းယူနိုင် သည့်     ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။ 

 


ပထမအကျော့တွင် နှစ်သင်း ကြားရလဒ်ပြတ်သားမှု မရှိသော ကြောင့်         နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် မေ ၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် တွင် ရေကုန်ရေခန်းယှဉ်ပြိုင် ကစား ရတော့မည်ဖြစ်သည်။  

 

အောင်ဇော်