
နေပြည်တော် ဧပြီ ၂၈
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ သရက် ခရိုင် အောင်လံမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၂၉၃၂) တန်၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၆၄၆၆၀၀) ကို သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ မင်းဘူးမြို့နယ် ထောက်ရှာပင်- ထန်းကိုင်း- ရေနံမ ရေနံမြေ အတွင်း တရားမဝင် ရေနံစိမ်း ၁၀ ဂါလန်ခန့်ပါ အိတ် (၃၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၉၁၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မင်းဘူးမြို့မရဲစခန်းသို့ လွှဲပြောင်း ၍ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုဒုံမြို့နယ်အတွင်း တရားမဝင် ခနောက်စိမ်းသတ္တုရိုင်း (၅) တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၈၀၀၀၀) ကို သိမ်းဆည်းရမိ ခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ဧပြီ ၂၇ ရက်တွင် ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင် ချက်အရက်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၆၁၁,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး ချင်းဝိသေသတိုင်း အက် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ယင်းအပြင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန် ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်း နှင်လာသော ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ တရားမဝင်တင်သွင်း လာသော (M-150) တံဆိပ် အချို ရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော ဇာအထည်အလိပ်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၁၂၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၄၂၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဧပြီ ၂၈ ရက်တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ် များအတွင်း တရားမဝင် သစ်မျိုးစုံ (၉ ဒသမ ၆၇၇၀) တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၇၀,၅၁၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၆ ရက်၊ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၃၇၂၁၀ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်