တရားမဝင်သစ်မျိုးစုံ၊ ရွှေကျင်လုပ်ငန်းသုံးပစ္စည်းများနှင့် စက်လှေယာဉ်များ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဧပြီ  ၂၉


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ    တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဧပြီ ၂၇ ရက်တွင်    မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မကွေးမြို့နယ် အတွင်း ရွှေကျင်ရာတွင် အသုံးပြု သည့်  တရားမဝင်   ကျောက်စုပ် မော်တော်ယာဉ်  ၁၁ စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၅,၀၀၀,၀၀၀) ကို   ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေအရ လည်းကောင်း၊ သံခွန်စက်လှေ လေးစင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)နှင့်   ကုန်တင်စက်လှေ  တစ်စင်း (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၁,၅၀၀,၀၀၀)ကို  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေအရ လည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်      ၄၀၆,၅၀၀,၀၀၀) ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

 


အလားတူ ဧပြီ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏    စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက် ခွန်အဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌    သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော   အဝတ်အထည် များ   (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၅,၇၀၀,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်       ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ   (ID) နှင့် ကိုက်ညီမှုမရှိသော   ကြွေထည် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၇၁၁,၀၀၀)ကို လည်းကောင်း၊ MIPL ဆိပ်ကမ်း၌  သွင်းကုန်ကြေညာ လွှာ (ID) ဖွင့်လှစ်ပြီး တစ်နှစ်ကျော် လွန်သည်အထိ လာရောက်ထုတ်ယူ ခြင်းမရှိသော     မော်တော်ယာဉ် ၂၇ စီး   (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၅၆,၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၀,၉၁၁,၀၀၀) ကို  လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး        အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ   အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော  ကုန်တင်ယာဉ် တစ်စီးပေါ်တွင်  တရားမဝင်သယ် ဆောင်လာသော Lipovitan-D တံဆိပ်  အချိုရည်များ  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ဧပြီ ၂၉ ရက်တွင် ပဲခူး တိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာ ဝတီခရိုင်များအတွင်း  တရားမဝင် သစ်မျိုးစုံ  ၁၅ ဒသမ ၅၁၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၄၀,၄၅၄)ကို   ဖမ်းဆီးရမိခဲ့ပြီး  သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင်     စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် များအတွင်း   လိုင်စင်မဲ့  New Buddy  CZI  125 အမျိုးအစား ဆိုင်ကယ် တစ်စီးနှင့် Kenbo 125 အမျိုးအစား     ဆိုင်ကယ်တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်   ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဧပြီ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅၂  မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၅,၈၅၁,၄၅၄ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်