
ဘိုကလေး ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော် ဝင်း၌ လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် တာဝတိံသာဘုရား၏ လှေကားစောင်းတန်းသည် ကာလအဆက်ဆက် သဘာဝဘေးဒဏ်ခံခဲ့ရမှုကြောင့် ယနေ့ နံနက် ၂ နာရီခန့်က ပြိုကျပျက်စီးခဲ့သည်။
ပြိုကျပျက်စီးချိန်သည် စေတီဝင်းအတွင်း ဘုရားဖူးများမရှိသည့်အချိန်ဖြစ်သည့် အတွက် လူထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ တာဝတိံသာဘုရားသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခဲ့သည့် ယခင်နှစ်များမှလွဲ၍ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လ အခါတွင် တာဝတိံသာဘုရားဆင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)