
နေပြည်တော် ဧပြီ ၂၉
ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲက မိုးညှင်းမြို့နယ် အင်ကြင်းကုန်း ကျေးရွာအနီးတွင် အောင်ကျော် လတ် (ခ)ကိုလတ် မောင်းနှင်ပြီး လင်းမောင်(ခ)လင်းမောင်မောင်နှင့် စိုးဦး(ခ)ကြက်တောတို့ လိုက်ပါလာ သည့် ဟီးနိုအမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ၆၀၀၀ ကီလို ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ၄၇(B)လမ်း ၁၂၁ လမ်းနှင့် ၁၂၂ လမ်းကြား အမှတ် (၃၉/၃)နေ ဦးတူး (ခ) ဝင်းစိုး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၉၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက် စည်ပင်လမ်းသစ်လမ်းရှိ စားသောက် ဆိုင်အနီးတွင် သက်ဦးခိုင် (ခ)ဖွာရွတ်နှင့် လှမျိုးဦး(ခ)အကြီး ကောင်တို့ နှစ်ဦးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၃ နာရီ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ဘုရားဖြူ ကျေးရွာအုပ်စု နောင်တောကျေးရွာ အနီး နောင်တရား-အောင်ပန်းသွား ကားလမ်းတွင် ခွန်အောင်သိန်း မောင်းနှင်ပြီး ခွန်သန်းအောင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား