ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်   ဧပြီ    ၃၀


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇) ရပ်ကွက်နေ စိုးနိုင်(ဘ) ဦးစောသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဖော်ဝါရီလ ၁၂ ရက်အတွင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင် ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏     အမိန့် ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့်  အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်လုပ်မိုင်းများစမ်းသပ်ထုတ်လုပ်ပေးခြင်း၊ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးခြင်းကြောင့်     လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ် (၁၈)ရပ်ကွက်နေ     ကျော်ဝင်းထွဋ် (ခ)ကျော်ကြီး (ဘ)ဦးတက်နေဝင်း၊ အမှတ်(၁၆) ရပ်ကွက်နေ    ဖြိုးကိုကို (ခ) ဖြိုးကို  (ဘ)ဦးထွန်းမင်းနှင့် သက်ပိုင်ဦး(ခ)ပိုင်လေးတို့ သုံးဦးသည် လှိုင်သာယာမြို့နယ်အတွင်းပြုလုပ်သည့်      ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊    လက်နက်များ သိုဝှက်သိမ်းဆည်းခြင်း၊   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့     နယ်မြေအတွင်း၌ အကြမ်းဖက်သင်တန်းများ  တက်ရောက် ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ရွှေပြည် သာမြို့နယ်   အမှတ်(၂၃)  ရပ်ကွက်နေ ခိုင်ဝင်းစိုး(ခ)ထိန်လင်း(ခ)  ကိုထက်(ဘ)ဦးမြင့်မောင်၊   ဘုန်းမြင့်ဝင်း(ခ)ဒင်္ဂါး(ခ)ကျော်ကြီး    (ဘ)  ဦးမောင်မောင်ထွေး၊ မျိုးဦး(ဘ)ဦးမျိုးညွန့်အောင်နှင့် မှော်ဘီ မြို့နယ်     အုတ်စက်အလုပ်သမားဝင်းနေ ခိုင်ထွန်းဦး(ခ)စောမိုးဇက်(ခ)ချက်ကြီး(ဘ)ဦးစိန်ထွန်းရီတို့ လေးဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွှေပြည်သာမြို့နယ် အတွင်းပြုလုပ်သည့်   ဆူပူဆန္ဒပြမှုများ တွင်ပါဝင်ခြင်း၊     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း၊ လက်နက်၊ ခဲယမ်း များ       သိုဝှက်သိမ်းဆည်းပေးခြင်းနှင့် ပို့ဆောင်ပေးခြင်းများကြောင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မိန်းမပြေးကျေးရွာနေ    ကျော်ဇော(ခ)ဂြိုလ်သား(ဘ)ဦးထွန်းအောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်  မတ် ၈ ရက်အတွင်း မြောက်ဥက္ကလာပမြို့နယ် အတွင်းပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်း၊  ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင်   အားပေး ကူညီခြင်းတို့ကြောင့်         လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံး ဖွဲ့၍     စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အသီးသီး     အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

 


အဆိုပါ  ပြစ်ဒဏ်ချမှတ်ခံရသူများ အနက်မှ ထွက်ပြေးလွတ်မြောက်နေသူများ  အား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့်    ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့်   စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ  ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်း နှင့်   အဆိုပါပြစ်မှုများကို  ဖောက်ဖျက် ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ  ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သတင်းစဉ်