
ရန်ကုန် မေ ၂
မြန်မာ့ကြက်တောင် အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက် လာစေရန်အတွက် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပ မည့် လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကို မေ ၁၂ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသား ကြက်တောင်အားကစား ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အသက် ကိုးနှစ်နှင့်အောက် အမျိုးသား တစ်ဦးချင်း နှစ်ယောက်တွဲ၊ အမျိုးသမီး တစ်ဦးချင်း နှစ်ယောက်တွဲ၊ အသက် ၁၁ နှစ်နှင့် အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ၊ အသက် ၁၃ နှစ်အောက်နှင့် အသက် ၁၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အသက် ၁၇ နှစ်အောက်၊ အသက် ၁၉ နှစ် အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ သာမန်တန်း အမျိုးသား တစ်ဦးချင်း၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ ဝါသနာရှင်တန်း အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ လူသစ်တန်း အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ သက်ကြီးတန်း ပြိုင်ပွဲများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဖုန်း ၀၉-၅၅၀၅၀၅၈၊ ၀၉-၇၉၄၅၁၅၈၄၉ သို့ ပြိုင်ပွဲဝင်စာရင်းကို မေ ၉ ရက် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။ အာကာလင်း