မယော့ကာကို အနိုင်ယူပြီး အိမ်ကွင်းသုံးပွဲဆက်ရှုံးနိမ့်မှုကို  ချေဖျက်နိုင်ခဲ့သည့် ဘာစီလိုနာ

 

 

လာလီဂါပွဲစဉ်  (၃၄) မှ   ဘာစီလိုနာနှင့် မယော့ကာအသင်းတို့ပွဲစဉ်ကို မေ ၂ ရက် နံနက်ပိုင်းက နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ ဘာစီလိုနာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး  အမှတ်ပေးဇယားအဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့သည်။ 
ဘာစီလိုနာအသင်းသည်  ယခုပွဲစဉ်တွင် မယော့ကာကို  အနိုင်ယူပြီး အိမ်ကွင်းသုံးပွဲ ဆက်ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် ဘာစီလိုနာအသင်း ဦးဆောင် ဂိုးရရှိခဲ့ပြီး ဂျော်ဒီအယ်ဘာ၏ ဖန်တီးမှုမှ ဒီပေးက   သွင်းယူပေးခဲ့သည်။   ဒီပေး၏ အဆိုပါ သွင်းဂိုးသည် ယခုနှစ်ရာသီ လာလီဂါ  ၁၁ ဂိုးမြောက်  သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။  ဦးဆောင်ဂိုး  ခွင့်ပြုပေးလိုက်ရသော်လည်း မယော့ကာ၏   ကစားအား  တက်လာခြင်း မရှိဘဲ ဘာစီလိုနာအသင်း၏  ဖိအားပေးမှုကို သာ ခံခဲ့ရသည်။ ပွဲချိန် ၅၄ မိနစ်တွင် ဘာစီ လိုနာအသင်း  ဒုတိယဂိုးရရှိခဲ့ပြီး  ဘတ်စ် ကွက်က သွင်းယူပေးခဲ့သည်။ 
ပွဲချိန် ၇၃ မိနစ်တွင် ဘာစီလိုနာအသင်း တတိယဂိုးရရှိခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့်    နစ်နာခဲ့ရသည်။ မယော့ကာအသင်းအတွက်  တစ်လုံးတည်း သော ချေပဂိုးကို ပွဲချိန် ၇၉ မိနစ်တွင် ရရှိခဲ့ပြီး ရွိုင်လိုက  သွင်းယူပေးခဲ့သည်။  ဘာစီလိုနာ အသင်းသည်   ယခုနိုင်ပွဲကြောင့်   လာလီဂါ  ၃၄ ပွဲ ကစားပြီး ၆၆ မှတ်ဖြင့် အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် မယော့ကာအသင်းက  ၃၄ ပွဲကစားပြီး ၃၂ မှတ်ဖြင့် အဆင့် (၁၆) နေရာတွင် ရပ်တည် နေသည်။                              အောင်ဇော်