
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှ နာမည် ကြီး ရီးရဲမက်ဒရစ်အသင်းနှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်ကို မေ ၅ ရက် နံနက်ပိုင်းက ဘာနေဗျူးကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ် အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ ပေါင်းရလဒ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ပထမအကျော့ အိမ်ကွင်းတွင် ရီးရဲမက်ဒရစ် အသင်းကို အနိုင်ရရှိထားသော်လည်း ယခုပွဲစဉ်တွင် ရရှိလာသည့် အပိုင်အခွင့်အရေးများကို အသုံးမချနိုင်သည့်အတွက် ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပွဲချိန် ၇၃ မိနစ်တွင် မာရက်ဇ် မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် လည်း ပွဲချိန်ပြည့်ခါနီးတွင် အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ပြီး လူစားဝင် ကစားသမား ရိုဒရီဂိုက ရီးရဲမက်ဒရစ်အသင်းအတွက် နှစ်ဂိုးဆက်သွင်း ယူနိုင်ခဲ့သောကြောင့် နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီတူညီနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရာ အချိန်ပို ၉၅ မိနစ်တွင် ရီးရဲမက်ဒရစ် အသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို ဘင်ဇီမာက ပယ်နယ်တီမှ တစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းသည် ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနှင့် မေ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အောင်ဇော်