ဗီယက်နမ်ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှား နုတ်ထွက်ခဲ့သဖြင့် မြန်မာအပါအဝင် ခုနစ်သင်းဖြင့် ကျင်းပမည်

 

ရန်ကုန်  မေ   ၆


(၃၁)   ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး  ဘောလုံးပြိုင်ပွဲတွင်  အင်ဒို နီးရှားအသင်း  နုတ်ထွက်ခဲ့သဖြင့်  မြန်မာ အသင်း   အပါအဝင်  ခုနစ်သင်းဖြင့်သာ ကျင်းပသွားမည်ဖြစ်သည်။

 


ယခင်က     ပြိုင်ပွဲဝင်    ရှစ်သင်းကို လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပရန် စီစဉ် ထားသော်လည်း    အင်ဒိုနီးရှားအသင်း နုတ်ထွက်ခဲ့သဖြင့်   အုပ်စု  (က) တွင် သုံးသင်းသာ  ကျန်ရှိတော့ပြီး အုပ်စု (ခ) တွင် ပုံမှန်အတိုင်း  လေးသင်းဖြင့်  ကျင်းပ မည်ဖြစ်သည်။  အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင်   အိမ်ရှင်ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊  အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာ၊ စင်ကာပူနှင့် လာအို အသင်းတို့ ပါဝင်သည်။ မြန်မာအသင်း ပါဝင်သည့်   အုပ်စု   (ခ)   ပွဲစဉ်များကို   မေ ၁၀၊ ၁၃၊ ၁၅ ရက်များတွင် ပြုလုပ် မည်ဖြစ်ပြီး  မြန်မာအသင်းသည်  မေ ၁၀ ရက်တွင် လာအိုအသင်း၊ မေ ၁၃ ရက်တွင် ထိုင်းအသင်း၊ မေ ၁၅ ရက်တွင် စင်ကာပူ အသင်းတို့နှင့်   ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ အုပ်စု (က) ပွဲစဉ်များကို မေ ၉၊ ၁၁၊ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  မေ   ၁၈    ရက်၊ တတိယ    နေရာလုပွဲနှင့်    ဗိုလ်လုပွဲကို  မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 


မြန်မာအသင်းသည်   အုပ်စုအနေ အထားအရ ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသလောက်ရှိနေပြီး  အုပ်စုပထမ နေရာအတွက် ထိုင်းအသင်းနှင့် အဓိက ယှဉ်ပြိုင် ရမည်ဖြစ်သည်။


ရဲရင့်လွင်