ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်   မေ   ၆


ရန်ကုန်တိုင်းဒေသကြီး  ရွှေပြည် သာမြို့နယ်   (၁၈)ရပ်ကွက်နေ      ဖြိုးမင်းထွန်း  (ခ)  ကိုဖြိုး  (ဘ)ဦးဇော်မင်းထွန်း၊   ကိုလတ်နှင့် ဖိုးသားတို့   သုံးဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အတွင်း  အဆိုပါ မြို့နယ်အတွင်း၌   ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင်     ပါဝင် ခြင်း၊      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊     အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏  အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့်    အကြမ်းဖက်   အုပ်စုများအဖြစ် သတ်မှတ်   ကြေညာထားသည့်  အဖွဲ့အစည်းများနှင့်  ဆက်သွယ် ခြင်း၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း      သင်တန်း တက်ရောက်ခြင်း၊   လက်နက်၊ ခဲယမ်းများ    သိုဝှက်သိမ်းဆည်း ခြင်း၊ ၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ ၁၉ ရက်တွင်   အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း   တစ်ဦး အား   ဒလန်အဖြစ်  စွပ်စွဲလုပ်ကြံ သတ်ဖြတ်ရာတွင်  အားပေးကူညီ ခြင်းနှင့်   အမှတ်(၁၈)ရပ်ကွက်၊   အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး ဖြင့်ပစ်ခတ်ပြီး   ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့်   ပစ်ခတ်သတ်ဖြတ် ရာတွင်     ပါဝင်ခြင်းတို့ကြောင့်    စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍      စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   အကြမ်းဖက်မှု တိုက်ဖျက်ရေး  ဥပဒေပုဒ်မ- ၅၄ အရ ၂၀၂၂ ခုနှစ်၊  မေ  ၅  ရက်တွင် “သေဒဏ်”   အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

 


ထောင်ဒဏ်တစ်သက်


ထို့အပြင်     ရန်ကုန်တိုင်း ဒေသကြီး    ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊        (၄၁)ရပ်ကွက်နေ   ဇော်ဇော်ထွန်း   (ခ)ဇော်ကြီး(ဘ) ဦးမော်ဇင်နှင့်  (၃၂)  ရပ်ကွက်နေ မင်းစစ်သွေး(ခ)ICE  (ဘ) ဦးမြင့်ဦး တို့သည် ၂၀၂၁ ခုနှစ်၊  အောက်တို ဘာ ၁၁ ရက်တွင်  သမိုင်းလမ်းဆုံ City Mart အနီးရှိ   ယာဉ်ထိန်းရုံး အား   မိုင်းထောင်ဖောက်ခွဲရာ၌ အားပေး      ကူညီခြင်းကြောင့် စစ်အုပ်ချုပ်ရေး  (Martial Law) စစ်ခုံရုံးဖွဲ့၍       စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊  မေ ၅ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း  သိရှိ ရသည်။

 


အဆိုပါ   ပြစ်ဒဏ်ချမှတ်ခံရ သူများအနက်မှ  ထွက်ပြေးလွတ် မြောက်နေသူများအား   ၎င်းနှင့် စပ်လျဉ်း၍    ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန်     အမိန့်ချမှတ်ခဲ့ ကြောင်း သိရှိရသည်။

 


အရေးယူဆောင်ရွက်


စစ်အုပ်ချုပ်ရေး အမိန့်ထုတ် ပြန်ကြေညာထားသည့်    မြို့နယ် များအတွင်း  စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃  မျိုးကိုလည်း ပူးတွဲ  ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက    စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ    ဆောင်ရွက်ကာ ထိထိရောက်ရောက်      မြန်မြန် ဆန်ဆန်   အရေးယူဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။                        

သတင်းစဉ်