ငွေဆောင်မြို့ ရေသိုးရွာ၌ ကလေးတစ်ဦး ဆင်ရိုင်းနင်း၍ သေဆုံး

 

ငွေဆောင်    မေ   ၅


ဧရာဝတီ   တိုင်းဒေသကြီး   ငွေဆောင်မြို့   သဇင်ကျေးရွာ အုပ်စု ရေသိုးရွာ ငွေဆောင် ကားလမ်း   မိုင်တိုင်  ၁၉ ရှိ အလှဆင်ဝိုင်း   အတွင်း၌ ယမန်နေ့     ညနေပိုင်းက   ဆင်ရိုင်း   နင်းခြင်းကြောင့်  ကလေးတစ်ဦး     သေဆုံး ကြောင်း သိရသည်။

 


အဆိုပါဖြစ်စဉ်မှာ ဆင် စခန်းဝန်ထမ်း ဆင်ဦးစီးဦးဖား ၏ သားဖြစ်သူ မောင်ဂျိမ်း (ကိုးနှစ်)   သည်  ဆင်ဝိုင်း အတွင်း ဆင်များရေချိုးပြီး ချောင်းတွင်ရေခပ်ရာ ၎င်း ချောင်းအနီးရှိ တောဆင်ရိုင်း က နင်းခြင်းကြောင့် သေဆုံး သွားကြောင်း     သိရသည်။

 

ယင်း    တောဆင်ရိုင်းသည် မုန်ဝင်နေခြင်းဖြစ်ပြီး အနီး အနားမှ   ထွက်ခွာသွားခြင်း မရှိဘဲ လူများကို ရန်မူနေ ကြောင်း သိရသည်။


အောင်တင်ငွေဆောင် (ပြန်/ဆက်)