တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ လုပ်ငန်းသုံး၊ အိမ်သုံး၊ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    မေ   ၆


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ     မေ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော ခရီးသည်တင်  မှန်လုံယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၆၄၀၀၀၀၀) ကို   ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုး မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးအဖွဲ့  ဦး‌ဆောင် သည့် စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ  လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ် သုံးစီးပေါ်တွင် တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်း များ၊ ဖုန်းဆက်စပ်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၄၅၅၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင် ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၄၅၅၀၀၀  ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်   လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံးပစ္စည်း များ၊ အဝတ်အထည်များနှင့် အိမ်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၅၈၈၁၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်   လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်   မေ ၆ ရက်တွင်   ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၆၁၁၂ တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁၁၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေး အဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   စစ်ကိုင်း မြို့နယ်နှင့်    ရွှေဘိုမြို့နယ်တို့အတွင်း   လိုင်စင်မဲ့ Mitsubishi Canter   အမျိုးအစား   ခြောက်ဘီး မော်တော်ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် Zongshen အမျိုးအစား  ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀  ကို ဖမ်းဆီးရမိ ခဲ့ပြီး     ပို့ကုန်သွင်းကုန်ဥပ‌ဒေနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍ မေ ၅  ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု  (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၂၇၈၀၄၂၂၀) ဖြစ်ကြောင်း တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီမှ သိရသည်။

                                     

သတင်းစဉ်