
နေပြည်တော် မေ ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မံစီမြို့မှ ဗန်းမော်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားမဝင်သယ်ဆောင်လာသော ကျွန်းခွဲသားဆိုဒ်စုံ သုည ဒသမ ၉၅၂၈ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅၈၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၉ ရက်တွင် ချင်းပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတူပီမြို့နယ်အတွင်း တရားမဝင် အရက်နှင့်ဘီယာ များ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး ချင်းဝိသေသတိုင်း အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၁၀ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့ မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အချိုမှုန့် ထုပ်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၈၇၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး(အောက်ပုံ) အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့နှင့် တော်ဝင် စစ်ဆေးရေးတံတားတာဝန်ကျ အကောက်ခွန်အဖွဲ့ တို့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်း မြို့နယ် ရွှေဝက်ဝံတံတားအနီး၌ တရားဝင် စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ငါးဖမ်းကြိုးခွေများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၆၇၂၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ် နန်းတော် လူဝင်/လူထွက်စစ်ဆေးရေးဂိတ်မှ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်းများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် မေ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် တို့အတွင်း တရားမဝင် ကျွန်းပါကေး (အကြမ်းတုံး) ၂ ဒသမ ၅၄၃၆ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၃၀၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တမူး မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား ၅ ဒသမ ၆၈၈၂ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၆၄၆၀ ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင်ရေနံစိမ်း ပီပါ အလုံး ၁၇၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၀၀၀၀၀ ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၀၆၄၆၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၇ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၁၃၄၆၀၀ ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်