စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် စာပေသင်ကြားပေးလျက်ရှိသည့် စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်၍ ရုံးခန်းနှင့် စာသင်ခန်းများအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီး

 

နေပြည်တော်   မေ   ၁၂


မြို့နယ်အချို့၌   အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့်  Human Resources (HR)လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင်ကျောင်း များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်း များအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများအား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ ဆရာမ များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၁၁ ရက်  ည ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် တုန်းပေါကျေးရွာရှိ တုန်းပေါ အခြေခံပညာအလယ်တန်းကျောင်းသို့   PDF  အကြမ်းဖက်သမား သုံးဦးခန့်   ရောက်ရှိလာပြီး   ကျောင်းဝင်းအတွင်းသို့  ဝင်ရောက်၍ နှစ်ထပ်စာသင်ကျောင်းဆောင်ရှိ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် စာသင် ခန်းတစ်ခန်းအတွင်းမှ ပစ္စည်းများအား ဖျက်ဆီးခဲ့သဖြင့် ဓာတ်ဘူး တစ်လုံး၊ မိတ္တူစက် တစ်လုံး၊ ပြတင်းတံခါးမှန် နှစ်ချပ်တို့ပျက်စီးခဲ့ပြီး ဗီရိုလေးလုံး၏ သော့များကို ဖျက်ဆီးဖွင့်လှစ်၍ အတွင်းရှိ စာရွက် စာတမ်းများအား ဖြန့်ကြဲဆုတ်ဖြဲဖျက်ဆီးသွားကြောင်း သိရသည်။

 


ထိုကဲ့သို့ စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို     ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက   နယ်မြေခံတပ်မတော်စစ်ကြောင်းများ နှင့်ပူးပေါင်း၍   လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ    ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်