မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ငါးခရိုင်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ တက်ရောက်

 

မကွေး    မေ    ၁၃


၂၀၂၂ ခုနှစ်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား      ငါးခရိုင် အမျိုးသား/အမျိုးသမီး  ဘော်လီ ဘောပြိုင်ပွဲ   နောက်ဆုံးဗိုလ်လုပွဲ နှင့်   ဆုချီးမြှင့်ပွဲကို   ယနေ့နံနက် ပိုင်းက   တိုင်းဒေသကြီး  မိုးလုံ လေလုံ အားကစားခန်းမ၌ ကျင်းပ သည်။ 
ရှေးဦးစွာ       တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးတင့်လွင်နှင့်အဖွဲ့ သည်   အမျိုးသားဘော်လီဘော ပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲအဖြစ် မကွေးခရိုင်  အမျိုးသား ဘော်လီ ဘောအသင်းနှင့်    ပခုက္ကူခရိုင် အမျိုးသား  ဘော်လီဘောအသင်း တို့      ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ    အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင်  မကွေး ခရိုင်အသင်းက    အနိုင်ရရှိခဲ့ပြီး အမျိုးသမီး    ဘော်လီ‌ဘောပြိုင်ပွဲ တွင် မင်းဘူးခရိုင်အသင်းက အနိုင် ရသည်။

 


ဆက်လက်၍      ဆုချီးမြှင့် ပေးအပ်ပွဲကို   ကျင်းပရာ    တိုင်း ဒေသကြီးဝန်ကြီးချုပ်က  အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရ မကွေးခရိုင်အသင်းအား  ဆုချီးမြှင့် ပြီး     တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် က ဒုတိယဆုရ ပခုက္ကူခရိုင်အသင်း၊ တိုင်းဒေသကြီး  သယံဇာတရေးရာ ဝန်ကြီး      ဦးစိုင်းမြင့်အေးက အမျိုးသားပြိုင်ပွဲတွင်  အကောင်း ဆုံးပိတ်ဆို့ဆု၊     အကောင်းဆုံး စပေးဘောဆုနှင့်     အကောင်းဆုံး ဆယ်မဆုရရှိသည့်     အားကစား သမားများနှင့်     တိုင်းဒေသကြီး အမျိုးသမီး      အားကစားအဖွဲ့ နာယက     ဒေါ်ဝင်းဝင်းမြင့်က အမျိုးသမီးပြိုင်ပွဲတွင်  ပထမဆုရ မင်းဘူးခရိုင်တို့ကို     ဆုချီးမြှင့် ပေးသည်။                    

မောင်ညီညာ