မြန်မာဘော်လီဘောအသင်း မလေးရှားကို သုံးပွဲပြတ်နိုင်

 

ရန်ကုန်   မေ  ၁၅


ဆီးဂိမ်း အမျိုးသားဘော်လီဘောပြိုင်ပွဲ   အုပ်စု (က)  ဒုတိယနေ့ကို   မေ  ၁၅  ရက်က  ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

 


မြန်မာအသင်းသည်    အုပ်စုဒုတိယပွဲအဖြစ် မလေးရှားအသင်းနှင့်  ယှဉ်ပြိုင်ကစားရာ  သုံးပွဲပြတ် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် မလေးရှားကို လက်ရည်အသာဖြင့်  ကစားကာ  ပထမပွဲငယ်တွင် ၂၅-၁၃ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ပထမပွဲငယ်တွင် အနိုင်ရခဲ့သည့် မြန်မာအသင်းသည် ဒုတိယပွဲငယ်တွင် ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး  မလေးရှားအသင်း ကလည်း   နိုင်ပွဲပြန်လည်ရရှိရန်  ကြိုးပမ်းမှုကြောင့် မြန်မာအသင်းအနေဖြင့် ၂၅-၁၉ မှတ်ဖြင့် အနိုင်ရခဲ့ သည်။    

 


တတိယပွဲငယ်တွင်  မလေးရှားအသင်း ကြိုးပမ်း လာသော်လည်း    မြန်မာအသင်းက   ၂၅-၂၂  မှတ် ဖြင့်  အနိုင်ရရှိခဲ့သည်။  အုပ်စုပထမပွဲတွင်   အင်ဒို နီးရှားကို    အရေးနိမ့်ထားသည့်    မြန်မာအသင်း အနေဖြင့်    ယခုပွဲအနိုင်ရမှသာ    ဆီမီးဖိုင်နယ်    တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သော ကြောင့် ကြိုးစားယှဉ်ပြိုင်ရာ        နိုင်ပွဲပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

 


 မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မေ  ၁၈  ရက်တွင်    အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                


ရဲရင့်လွင်