ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာအသင်း ဆီမီးဖိုင်နယ်နှင့် လွဲချော်

 

ရန်ကုန်   မေ  ၁၅


ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ   အုပ်စု(က)  နောက်ဆုံးနေ့ကို   မေ ၁၅ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို      သုံးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ပြီး    ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။

 


မြန်မာအသင်းသည်    ဆီမီး ဖိုင်နယ်   တက်ရောက်ရေး  အဆုံး အဖြတ်ပွဲတွင်     အင်ဒိုနီးရှားကို အရေးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက် ခဲ့ရသည်။ မြန်မာ အသင်းအနေဖြင့်    ဗီယက်နမ်နှင့်    အင်ဒိုနီးရှားတို့ကို   ဆက်တိုက် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။

 


မြန်မာအသင်းသည်    ပြည့် ဖြိုးသူ(ဂိုး)၊   ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ အောင် ဝဏ္ဏစိုး၊ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲလင်းထက်၊    မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊     ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ဖြင့်     ပွဲထွက်ခဲ့ သည်။  အိမ်ရှင်  ဗီယက်နမ်နှင့်ပွဲ တွင်  အမှားနည်းခဲ့သည့်  မြန်မာ အသင်း   ခံစစ်မှာ   ပွဲစကတည်းက  အင်ဒိုနီးရှားတိုက်စစ်ကို  မထိန်း ချုပ်နိုင်ဘဲ     အခွင့်အရေးများ    ဆက်တိုက်ပေးခဲ့ရသည်။  ၆ မိနစ် တွင် အီဂီ၊   ၉  မိနစ်တွင်  ဝီတန် တို့က   အင်ဒိုနီးရှားအတွက်   ဂိုး များ    ဆက်တိုက်သွင်းယူခဲ့သည်။ ၁၅ မိနစ်တွင်  ရဲလင်းထက်အစား မောင်မောင်လွင်ကို     ထည့်ကာ   တိုက်စစ်မြှင့်ခဲ့ပြီး    ယင်းနောက် ပိုင်းမှ   မြန်မာအသင်း တိုက်စစ် ကစားပုံ    ကောင်းမွန်လာကာ ဂိုးသွင်းခွင့်များ   ပြန်လည်ရရှိခဲ့ သည်။ သို့သော် အခွင့်အရေးများ အသုံးမချနိုင်သဖြင့်     ချေပဂိုး ပြန်မရဘဲ ပထမပိုင်းပြီးခါနီးတွင် မာဆာလီနီက      အင်ဒိုနီးရှား အတွက်   တတိယဂိုး   သွင်းယူခဲ့ သည်။   ဒုတိယပိုင်းတွင်   မြန်မာ အသင်း ချေပဂိုးပြန်ရရန် တိုက်စစ် အသားပေး   ပုံစံဖြင့်   ပွဲထွက်ခဲ့ပြီး ၆၆   မိနစ်တွင်     ဝင်းနိုင်ထွန်းက ချေပဂိုးတစ်ဂိုး  ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင်    မြန်မာ အသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့ သော်လည်း     ဂိုးထပ်မသွင်းနိုင် သဖြင့် သုံးဂိုး-တစ်ဂိုး ရလဒ်ဖြင့် သာ ပြီးဆုံးခဲ့သည်။

 


အုပ်စု (က)    ပွဲစဉ်များအပြီး တွင်   အိမ်ရှင်ဗီယက်နမ်အသင်း က  သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒို နီးရှားအသင်းက သုံးပွဲနိုင်၊ တစ်ပွဲ ရှုံး    ကိုးမှတ်ဖြင့်   အုပ်စုဒုတိယ ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက် ခဲ့သည်။    ခြောက်မှတ်ရသည့် မြန်မာအသင်း၊   လေးမှတ်ရသည့် ဖိလစ်ပိုင်အသင်းနှင့် အမှတ်  မရ သည့် တီမောအသင်းတို့မှာ အုပ်စု အဆင့်မှ ထွက်ခဲ့ရသည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF