
ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင် အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန် မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ အရှေ့ပိုင်းခရိုင်အသင်းက အနောက်ပိုင်း ခရိုင် အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွား သည်။
ပထမပိုင်းတွင် အရှေ့ပိုင်းခရိုင် အသင်းမှ ကျောနံပတ် (၉) ရဲထွန်းနိုင်က အနောက်ပိုင်းခရိုင် အသင်းကို အဝေးမှကန်၍ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း တွင် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကြကာ ပွဲအပြီးတွင် အရှေ့ပိုင်းခရိုင်အသင်းက တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။ ပြိုင်ပွဲအပြီး ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်း၊ ဂိုးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ရရှိကြသော အားကစားသမားများ အား တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယဆုရရှိသော အနောက်ပိုင်း ခရိုင်အသင်းအား တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဒုတိယဥက္ကဋ္ဌ စည်ပင်သာယာ ရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ပထမဆု ရရှိသော အရှေ့ပိုင်းခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်သည်။ ပြိုင်ပွဲကိုခရိုင် လေးခရိုင်အသင်း တို့က ပတ်လည်စနစ်ဖြင့် ဧပြီ ၂၈ ရက်မှ မေ ၁၅ ရက်အထိ ကျင်းပကြောင်း သိရသည်။
အာကာစိုး