
ပဲခူး မေ ၁၅
၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လေးခရိုင် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ ညနေပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက သက်ငယ် အကြိုးစားဆုံး အသင်းဆုရရှိ သော တောင်ငူခရိုင်အသင်းကို လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက အသက်ငယ်အတိုးတက် ဆုံးဆုရရှိသော သာယာဝတီခရိုင်မှ မောင်မျိုးအောင်နှင့် အကောင်းဆုံး အားကစားသမားဆုရရှိသော ပဲခူး ခရိုင်အသင်းမှ မောင်စည်သူဖြိုးကို လည်းကောင်း ဆုဖလားနှင့် ချီးမြှင့် ငွေများပေးအပ်ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်က ဒုတိယဆု ရရှိသော သာယာဝတီခရိုင် အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ရိုးရာခြင်းလုံး အဖွဲ့လိုက် အလှခတ် သရုပ်ပြသ သော ညွန့်ပေါင်းအသင်း၊ တစ်ဦး ချင်း အလှခတ် သရုပ်ပြသအဖွဲ့ နှင့် မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဒိုင်တို့ကို ဂုဏ်ပြုဆုငွေ များနှင့် ပထမဆုရရှိသော ပဲခူး ခရိုင် အသင်းကို တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြား၊ ပထမဆု ဖလားနှင့် ချီးမြှင့်ငွေများ ပေးအပ် သည်။
အဆိုပါ ၂၀၂၂ခုနှစ် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့မှ ပြိုင်ပွဲဝင် အသင်း လေးသင်းက လက်ရွေးစင် ဘယ်/ညာစုံ၊ ခြင်းလတ်မျိုးကွဲ၊ ခြင်းလတ်မျိုးတူ၊ ခြင်းကြီးဘယ်/ညာစုံ၊ ခြင်းကြီးမျိုးကွဲ၊ ခြင်းကြီး မျိုးတူ၊ ဝိုင်းလည်အတွဲ၊ လက်ရွေးစင်မျိုးကွဲ၊ လက်ရွေးစင် မျိုးတူစသည့် ခြင်းနည်း ကိုးမျိုး ဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သတင်းစဉ်