ဘော်လီဘောအားကစားနည်းဖြင့် ပြည်နယ်၏ ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်စေလို

 

ဘားအံ    မေ    ၁၅


ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား   မြို့နယ်ပေါင်းစုံ  အမျိုးသား  အမျိုးသမီး  အသက်  ၂၅  နှစ်အောက် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို မေ ၁၅ ရက် နံနက် ၈ နာရီခန့်က ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

 


ဖွင့်ပွဲတွင်    ကရင်ပြည်နယ် ဝန်ကြီးချုပ်    ဦးစောမြင့်ဦးက  ထူးချွန်ထက်မြက်သည့် ဘော်လီ ဘော   အားကစားသမားကောင်း များ     ပေါ်ထွန်းလာစေရန်နှင့် ဇွန် ၁၆ ရက်မှ ၃၀ ရက်အထိ ရှမ်း ပြည်နယ်   တောင်ကြီးမြို့တွင် ကျင်းပမည့်   တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင်  အဆင့်တန်း မီမီအောင်မြင်မှု   ဆွတ်ခူးနိုင်ရေး အတွက် ယခုပြိုင်ပွဲကို  ကျင်းပပေး ခြင်းဖြစ်ကြောင်း၊     ဘော်လီဘော အားကစားနည်းဖြင့် ပြည်နယ်၏  ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို  မြှင့်တင်ပေး နိုင်သူများ  ဖြစ်ကြစေလိုကြောင်း၊ မိမိတို့         ကိုယ်စားပြုအသင်း     အောင်မြင်မှုရရှိနိုင်ရေး   ဥပဒေ ဘောင်အတွင်းမှ  ကြိုးစားယှဉ်ပြိုင် ကစားကြစေလိုကြောင်း   အဖွင့် အမှာစကားပြောကြား၍    ပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က    ပြိုင်ပွဲဝင်   အမျိုးသား အမျိုးသမီး ဘော်လီဘောအသင်း ၁၄ သင်းအတွက် ငွေကျပ်တစ်သိန်း စီကို လည်းကောင်း၊ ကရင်ပြည် နယ်    ဘော်လီဘောအားကစား ဆပ်ကော်မတီ      ဒုတိယဥက္ကဋ္ဌ ဦးခင်ဇော်က      တစ်မြို့နယ်လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ၁၄ သိန်း ကိုလည်းကောင်း     ထောက်ပံ့ ပေးအပ်ပြီး   အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ် အမျိုးသားအသင်း နှင့်     ကြာအင်းဆိပ်ကြီးမြို့နယ်    အမျိုးသားအသင်း၊         ကော့ကရိတ် မြို့နယ် အမျိုးသမီးအသင်းနှင့် ဖာပွန်မြို့နယ်  အမျိုးသမီးအသင်း တို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြကာ အမျိုးသားပွဲစဉ် တွင်   ဘားအံမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်    လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင်  ဖာပွန်မြို့ နယ် အသင်းက      နှစ်ပွဲပြတ်ဖြင့် လည်းကောင်း   အသီးသီးအနိုင် ရရှိကြသည်။

 


အဆိုပါ ပြိုင်ပွဲကို မေ ၁၅ ရက် မှ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး          အနိုင်ရဗိုလ်စွဲသည့် အသင်းနှင့်    ထူးချွန်အားကစား သမားများအား         ထိုက်ထိုက် တန်တန်      ဂုဏ်ပြုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း     သတင်း ရသည်။ 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)