မန်စီးတီးတို့ ဝက်စ်ဟမ်းကို သရေကျခဲ့သည့်အတွက် နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရတော့မည်

 

ပရီမီယာလိဂ်ပွဲစဉ်   (၃၇)  မှ အကောင်းဆုံးပွဲစဉ်     တစ်ပွဲဖြစ် သည့်   ဝက်စ်ဟမ်းနှင့်  မန်စီးတီး အသင်းတို့ပွဲစဉ်ကို မေ ၁၅ ရက် ညပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ     တစ်ဖက် နှစ်ဂိုးစီဖြင့်    သရေကျခဲ့သည်။ ယခုပွဲစဉ်တွင်  မန်စီးတီးအသင်း သည်     ပြိုင်ဘက်ဝက်စ်ဟမ်း အသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ရာမှ သရေကျခဲ့ခြင်းမှာ  နည်းပြ   ဂွါဒီ ယိုလာလက်ထက်     ပထမဆုံး အကြိမ်ဖြစ်ကြောင်း        သိရ သည်။ 

 


ထို့ကြောင့်  မန်စီးတီးအသင်း သည် ပရီမီယာလိဂ်ဖလားဆွတ်ခူး ရန် မေ ၂၂ ရက်တွင်  ယှဉ်ပြိုင် ကစားမည့်    အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်အထိ စောင့်ကြည့် ရတော့မည်ဖြစ်သည်။  

 


ဝက်စ်ဟမ်း အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၄ မိနစ်နှင့် ၄၅ မိနစ်တွင်  ဘိုဝင်က သွင်းယူ ပေးခဲ့သည်။  မန်စီးတီးအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၄၉ မိနစ်တွင်   ရရှိခဲ့ပြီး  ဂရီးလစ်ချ်က သွင်းယူပေးခဲ့သည်။  ပွဲချိန်   ၆၉ မိနစ်တွင်   ဝက်စ်ဟမ်းအသင်းမှ ကာဖောဘောလုံးဖျက်ထုတ်ရာမှ  ကိုယ့်ဂိုးကိုယ်    သွင်းယူမိခဲ့၍   မန်စီးတီးအသင်း  ဒုတိယချေပဂိုး ရရှိခဲ့သည်။  ပွဲချိန်  ၈၆ မိနစ်တွင်     မန်စီးတီးအသင်း  ပယ်နယ်တီ        ကန်သွင်းခွင့်  ရရှိခဲ့သော်လည်း      မာရက်ဇ်ကန်သွင်းရာ ဝက်စ်ဟမ်း ဂိုးသမား     ပုတ်ထုတ်ကာကွယ် နိုင်ခဲ့သည်။

 


ယခုပွဲစဉ်အပြီး     မန်စီးတီးက တစ်ပွဲကျန်     ရမှတ်    ၉၀၊  လီဗာပူးက  နှစ်ပွဲကျန် ၈၆ မှတ် ရရှိထားသည်။ 
အခြားပွဲစဉ်များတွင်    စပါးက တစ်ဂိုး-ဂိုးမရှိဖြင့်  ဘန်လေကို  နိုင်ပြီး     ဗီလာနှင့်    ပဲလေ့စ် တစ်ဂိုးစီသရေ၊        လိဒ်နှင့် ဘရိုက်တန် တစ်ဂိုးစီသရေကျပြီး    လက်စတာက    အဝေးကွင်း၌ ငါးဂိုး-တစ်ဂိုးဖြင့်   ဝက်ဖို့ဒ်ကို နိုင်သည်။  


အောင်ဇော်