
ရန်ကုန် မေ ၁၇
(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စု ဒုတိယနေ့ကို မေ ၁၇ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်း ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် ထိုင်း အသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့် ခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲ အရေးနိမ့်ခဲ့သဖြင့် ကြေး တံဆိပ် ရယူနိုင်ရန်သာ ကြိုးပမ်း ရတော့မည်ဖြစ်ပြီး မလေးရှား ကို အနိုင်ကစားရတော့မည်ဖြစ် သည်။
မြန်မာအသင်းသည် ရလဒ် ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ပထမပိုင်းတွင် သုံးဂိုးဖြင့် အနိုင်ရ နေပြီး ဒုတိယပိုင်းတွင် တစ်ဂိုး ထပ်သွင်းကာ လေးဂိုးပြတ် အနိုင် ရခဲ့ခြင်းဖြစ်သည်။
အုပ်စုဒုတိယနေ့ အခြားပွဲတွင် ဗီယက်နမ်အသင်းက မလေးရှား အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် ဗီယက်နမ်နှင့် ထိုင်းအသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် ထိပ်ဆုံး တွင် အပြိုင်ဖြစ်နေပြီး မြန်မာနှင့် မလေးရှားအသင်းတို့မှာ နှစ်ပွဲ စလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စုနောက်ဆုံးနေ့ကို မေ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပြီး မြန်မာနှင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်း တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် မလေးရှားကို အနိုင်ရပါက ကြေးတံဆိပ်ရရှိမည် ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ- MFF