ဆီးဂိမ်း အမျိုးသားဖူဆယ်ပြိုင်ပွဲအုပ်စု နောက်ဆုံးနေ့ မေ ၂၀ ရက်တွင် ကျင်းပမည်

 

ရန်ကုန်   မေ    ၁၈


ဆီးဂိမ်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ အုပ်စုစတုတ္ထ နေ့ကို   မေ ၁၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်း   ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။

 


အုပ်စုစတုတ္ထနေ့တွင် ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့    တစ်ဂိုးစီ  သရေကျပြီး   အိမ်ရှင် ဗီယက်နမ်အသင်းက      မြန်မာအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။    မြန်မာအသင်း သည်   ယခုပွဲအနိုင်ရမှ  ဆုတံဆိပ်ရယူနိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သော်လည်း သုံးပွဲဆက် အရှုံးကြောင့် တစ်ပွဲကစားရန်  ကျန်သေးသော် လည်း ဆုတံဆိပ်နှင့် လွဲချော်ရန် သေချာသွားပြီ ဖြစ်သည်။   မြန်မာအသင်းသည်   ပြီးခဲ့သည့် လပိုင်းက  ဗီယက်နမ်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ရာ နှစ်ကြိမ်စလုံး  ပွဲချိန်အတွင်း  သရေကစားနိုင် သော်လည်း   ယခုပွဲတွင်   ဂိုးပြတ်အရေးနိမ့်ခဲ့ သည်။      မြန်မာအသင်းသည်   ပထမပိုင်းတွင် ဂိုးမရှိသရေ         ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင်  ဂိုးများဆက်တိုက်ပေးရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 


မြန်မာအမျိုးသား   ဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင်    ဖူဆယ်အားကစားနည်း ပါဝင်သည့် ငါးကြိမ်စလုံး ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ ယခုပွဲအပြီးတွင် အင်ဒိုနီးရှားအသင်းက   ပွဲကုန်လေးပွဲကစား ရှစ်မှတ်ရရှိထားပြီး ထိုင်းနှင့် ဗီယက်နမ်အသင်း က သုံးပွဲကစား  ခုနစ်မှတ်စီရရှိထားကာ မြန်မာ နှင့်   မလေးရှားအသင်းမှာ    သုံးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။    အုပ်စုနောက်ဆုံးနေ့ကို မေ ၂၀ ရက်တွင်  ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် မလေးရှား၊   ထိုင်းနှင့်     ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   
     

ရဲရင့်လွင်