တရားမဝင် သစ်မျိုးစုံ ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ  ၁၈


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့ က    စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ   ရန်ကုန် မြောက်ပိုင်းခရိုင်  တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် ကားလမ်း   မိုင်တိုင်အမှတ်  (၄၈/၆)၊  တောင်ပေါ် လမ်းထိပ်အနီး၌  တရားမဝင်သစ်မျိုးစုံ  (၄ ဒသမ ၅၅၄၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၃,၈၈၈)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆,၂၀၃,၈၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ မေ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန ၏   စီမံခန့်ခွဲမှုဖြင့်   မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌  တာဝန်ကျ   အကောက်ခွန်အဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ် ပြီး  လေးနှစ်ကျော်လွန်ပြီးသည်အထိ  လာရောက် ထုတ်ယူခြင်းမရှိသော Nissan Caravan အမျိုးအစား မော်တော်ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၂၉,၉၃၅,၀၀၀)နှင့် Honda အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၆၄၆,၂၅၀) ကို လည်းကောင်း၊ မေ ၁၇ ရက်တွင် သွင်းကုန်ကြေညာ လွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၁၆၄,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၇၄၅,၂၅၀)ကို သိမ်းဆည်းရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ    အရေးယူဆောင်ရွက်လျက် ရှိသည်။

 


အလားတူ မေ ၁၇ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏     စီမံခန့်ခွဲမှုဖြင့်     မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌        တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော    လူသုံးကုန်ပစ္စည်းများ   (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၄,၀၄၄,၀၀၀) ကို   သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်  မေ  ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး  သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က   တောင်ငူခရိုင်  ရေတာရှည် မြို့နယ်  ရိုးမကြိုးပြင်ကာကွယ်တောအတွင်း တရား မဝင်သစ်မျိုးစုံ (၇ ဒသမ ၇၈၆၀)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၃၆,၉၇၀)ကို သစ်တောဥပဒေအရလည်း ကောင်း၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့   ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၄/၃)၊(၄/၄)နှင့် ဒိုက်ဦး-စစ်တောင်း ကားလမ်း   မိုင်တိုင်အမှတ်  (၅/၀)တို့၌  လိုင်စင်မဲ့ မော်တော်ယာဉ်သုံးစီး    (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၉,၀၀၀,၀၀၀)ကို    ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း   စုစုပေါင်း   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၉၃၆,၉၇၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။

 


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  ကသာ မြို့နယ်အတွင်း တရားမဝင်ကျွန်းခွဲသား (၁ ဒသမ ၃၆၇၀)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀,၁၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် မြောင်းမြမြို့နယ်များအတွင်း တရားမဝင်သစ်မျိုးစုံ (၁၉ ဒသမ ၀၈၁၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၃၅,၆၉၈)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  မေ ၁၆ ရက်၊ ၁၇ ရက် နှင့် ၁၈ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၁၇,၆၇၅,၉၀၆)   ဖြစ် ကြောင်း     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။  

သတင်းစဉ်