
ရန်ကုန် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက် သမိန်ဗရမ်းလမ်းမကြီး နှင့် ပုသိမ်ညွန့် ၅ လမ်းထောင့်တွင် မေ ၁၇ ရက် ည ၁၀ နာရီ ၃၈ မိနစ် ခန့်က ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦး ယာဉ်ပေါ်တွင် ညပ်နေ ကြောင်း သိရသဖြင့် မင်္ဂလာ တောင်ညွန့် လူမှုကူညီကယ်ဆယ် ရေးကွန်ရက်မှ လူမှုကူညီရေး အသင်းများက ကူညီကယ်ဆယ် ဆောင်ရွက်ပေးကြောင်း သိရ သည်။
အခင်းဖြစ်နေရာသို့ H RES- CUE အဖွဲ့က လူနာအားအရေးပေါ် ပြုစုပေးခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များက ကယ်ထုတ်ပေးခဲ့သည်။ လူနာအမျိုးသားတွင် ယာခြေချင်း ဝတ်ကျိုး၊ ယာလက်ကောက်ဝတ် ကျိုး ဒဏ်ရာရရှိပြီး ပုသိမ်ညွန့် လူမှုကူညီကယ်ဆယ်ရေးအသင်း ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်) ဓာတ်ပုံ-MTNT