
နေပြည်တော် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၅)ရပ်ကွက်နေ ရဲမင်းနိုင် (ခ)ရဲရင့် (ဘ) ဦးဌေးလွင်၊ စိုးမိုး၊ သန့်ဇင်၊ ဒေဝ၊ ဆံရှည်၊ အသေး လေးနှင့် မအေးအေးမင်း (ခ) ဘိုမလေးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု များအဖြစ် သတ်မှတ်ကြေညာ ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ၂၀၂၂ ခုနှစ် မတ် ၆ ရက်တွင် အဆိုပါရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ရာတွင် ပါဝင်ခြင်း တို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၄ အရ ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် ၎င်းတို့ ခုနစ်ဦးကို “သေဒဏ်” အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ် (၂၉) ရပ်ကွက်နေ ထက်မြတ်နိုင်(ဘ)ဦးကိုကိုအောင် သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းတို့ကြောင့် စစ်အုပ် ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့ ၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ များအနက်မှ ထွက်ပြေးလွတ် မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်း နှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်