အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    မေ   ၁၉
အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော  CRPH၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး   အစိုးရယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊   ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်  နည်းမျိုးစုံဖြင့်    ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့်  ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ  အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ  ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး   ဥပဒေပုဒ်မ ၃၃(က)နှင့်  တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်   ပြစ်မှုနှင့်  သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊    မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ   သိမ်းဆည်းခံရနိုင်ပြီး    ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်  ဇန်နဝါရီ  ၂၅  ရက်တွင်   နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့    အသိပေးသတင်း   ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး     ကော့သောင်းမြို့   (၇)ရပ်ကွက်နေ ဖူးသင်းနိုင်(ခ)ဖူးဖူး (၁၇)နှစ်၊ အေးရိပ်ငြိမ်ရပ်ကွက်နေ စည်သူအောင် (စိစစ်ဆဲ)နှင့်  ရွှေပြည်သာရပ်ကွက်နေ ပိုင်ဇင်ထွေး(ခ)ဂျိုကာ(၂၀)နှစ်တို့  သုံးဦးသည်  ၎င်းတို့အသုံးပြုသည့် “Phoo Phoo” Facebook အကောင့်၊ “Si Thu Aung” Facebook အကောင့်နှင့် “Joker” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်  ပေါင်းတလည် မြို့  အရှေ့ပိုင်းရပ်ကွက်နေ လပြည့်(ခ)စိုးမြင့်အောင်သည် ၎င်းအသုံးပြု သည့် “La Pyai” Facebook အကောင့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့နယ်  အေးသာယာမြို့   (၂)ရပ်ကွက်နေ ကျော်နိုင်(ခ) နီမောလ် (၂၉)နှစ်သည်  ၎င်းအသုံးပြုသည့် “Kyaw Naing” Facebook အကောင့်နှင့်  ညောင်ရွှေမြို့နယ်၊   ဟဲယာရွာမကျေးရွာနေ  လှိုင် ဘုန်းကျော်(ခ)အယ်မျိုးသည် ၎င်းအသုံးပြုသည့် “L Myo” Facebook အကောင့်တို့သည်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့်   ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊   ယင်းတို့နှင့်   ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြား စေရန်နှင့်  အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊  ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်  အားပေးကူညီခြင်း ပြုလုပ်ခဲ့ သူများကို    ဥပဒေနှင့်အညီ    ထိရောက်စွာ  အရေးယူသွားမည်ဖြစ် ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။                          

သတင်းစဉ်