အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ငွေတစ်ခု၊ ကြေးနှစ်ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတစ်ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးနှစ်ခု၊ ဂျူဒိုအားကစားနည်းမှ ကြေးတစ်ခု၊ ကနူး/ကယက်လှေလှော်အားကစားနည်းမှ ကြေးနှစ်ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်း

 

ဗီယက်နမ်   မေ   ၂၁


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ  အားကစား ပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစား ရုံများ၌ ကျင်းပလျက်ရှိသည်။ 

 


ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Single Weapon practice four element staff form (တုတ်ရှည်အပြ)ပွဲစဉ်၌ မောင်တင်ထူး ဇော်က    ငွေတံဆိပ်ဆုကိုလည်းကောင်း၊  Male Couple Weapon practice pair machete form (နှစ်ယောက်တွဲအပြ) ပွဲစဉ်၌ မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့က  ကြေးတံဆိပ်ဆုကိုလည်း ကောင်း၊   (-၅၅) ကီလိုတန်း(အတိုက်)   ပွဲစဉ်၌ မောင်ကျော်ကိုကိုက   ကြေးတံဆိပ်ဆုကိုလည်း ကောင်း၊ သေနတ်ပစ်အားကစားနည်းမှ (၁၀)မီတာ Air Pistol Mixed Team ပွဲစဉ်၌ မောင်ရဲထွန်းနောင်နှင့် မချစ်စိုးနွယ်တို့က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ       အမျိုးသား (လေးယောက်တွဲ)ပွဲစဉ်၌   အမျိုးသား အသင်းက      ကြေးတံဆိပ်ဆုကိုလည်းကောင်း၊    အမျိုးသမီး(လေးယောက်တွဲ)ပွဲစဉ်၌ အမျိူးသမီးအသင်း က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဂျူဒိုအားကစား နည်းမှ  (-၄၅)   ကီလိုတန်းပွဲစဉ်၌  မစဲလ်ဝှီးက ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ကနူး/ကယက် လှေလှော် အားကစားနည်းမှ အမျိုးသမီး မီတာ(၂၀၀) ကနူးတစ်ဦးချင်းပွဲစဉ်၌ မသက်ဖြိုးနိုင်က ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀) ကနူး လေးယောက်လှော်ပွဲစဉ်၌ မသက်ဖြိုးနိုင်၊ မစုဝေဖြိုး၊ မမြင့်မြင့်စိုးနှင့် မမိုးမမတို့က ကြေးတံဆိပ်ဆုကို လည်းကောင်း၊   ဘိလိယက်နှင့်  စနူကာအားကစား နည်းမှ Men Snooker Single ပွဲစဉ်၌ မောင်အောင် ဖြိုးက   ကြေးတံဆိပ်ဆုကိုလည်းကောင်း  ရရှိခဲ့ကြ သည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်း တွင်    ဟနွိုင်းမြို့ရှိ   Hoang  Mai  Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ မွိုင်းတွင် Hoai Duc Gymnasium အားကစားရုံ၌ ကျင်းပလျက် ရှိသည့် ဂျူဒိုအားကစားပြိုင်ပွဲမှ မြန်မားအားကစား သမားများ၏   ယှဉ်ပြိုင်နေမှုများကို လည်းကောင်း၊ Hanoi   National   Sport  Training  Centre အားကစားရုံ၌   ကျင်းပလျက်ရှိသည့်  သေနတ်ပစ် အားကစားပြိုင်ပွဲမှ ဆုရရှိခဲ့သည့် အားကစားသမား များကို ဆုများပေးအပ်ချီးမြှင့်သည်။

 


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Ha Long City ရှိ Cam  Pha  Stadium  ၌  ကျင်းပလျက်ရှိသည့်  အမျိုးသမီးဘောလုံးပြိုင်ပွဲ   တတိယလုပွဲ  မြန်မာ အသင်း ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

 


ယနေ့ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊    ကနူးလှေလှော်၊    ပိုက်ကျော်ခြင်း၊ E-sports၊ အမျိုးသမီးဘောလုံး၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊  လက်ဝှေ့အားကစားပြိုင်ပွဲများကို   မြန်မာ အားကစားအဖွဲ့များမှ   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ  ၂၂  ရက်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားနည်းများ ကို   ဆက်လက်ယှဉ်ပြိုင်   ကစားသွားကြမည်ဖြစ် သည်။

 


(၃၁) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်   မြန်မာနိုင်ငံမှ  ယနေ့အထိ ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၃၄ ခုတို့ ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ် ၅၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်လျက် ရှိကြောင်း သိရသည်။                        

သတင်းစဉ်