
နတ်တလင်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက် မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ပြိုလဲမှုဖြစ်ပွားခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နတ်တလင်းမြို့နယ်အတွင်း ယမန်နေ့က မိုးသက်လေပြင်းများ ရွာသွန်းတိုက်မှုကြောင့် မြို့မရပ်ကွက်တွင် အမိုးလန်နေအိမ် ၁၁ လုံးနှင့် ရွာမရပ်ကွက်တွင် အမိုးလန်နေအိမ် လေးလုံး၊ ပြိုလဲနေအိမ် တစ်လုံး ဇီးကုန်းကလေးရပ်ကွက်တွင် အမိုးလန်နေအိမ် ၁၄လုံးနှင့် ပြိုလဲနေအိမ် တစ်လုံးတို့ ပျက်စီးကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်းနှင့် လေဘေးသင့် မိသားစုများအား တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)