
နေပြည်တော် မေ ၂၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက် ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID) သက်တမ်း ကျော်လွန်ပြီး လာရောက်ထုတ်ယူ ခြင်းမရှိဘဲ ပိုင်ရှင်မှ စွန့်လွှတ် သည့် မော်တော်ယာဉ် ၁၃ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉ ၀၆၅၁၅၄)ကို လည်းကောင်း၊ FDA ထောက်ခံချက်မရရှိသော ကိုဗစ်-၁၉ ကာကွယ်ရေး ဆက်စပ်ပစ္စည်း များဖြစ်သည့် လက်သန့်ဆေးများ နှင့် Test Kit များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၇၃၆၂၇၈) ကို လည်း ကောင်း အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စခန်း၌ တာဝန်ကျအကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၁၉ ရက် တွင် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံး မှန်ချပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၂၁၀၈၁၂) ကို လည်း ကောင်း၊ မေ ၂၀ ရက်တွင် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ ထားခြင်းမရှိသော လုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၃၉၄၈၀၀) ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈၆၀၅၆၁၂) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် တောင်ဇာမရီကြိုးဝိုင်း အတွင်း တရားမဝင် ကျွန်းခွဲသား နှင့် ပျဉ်းကတိုးခွဲသား ၇ ဒသမ ၀၀၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၈၀၃၂) ဖမ်းဆီးရမိခဲ့ ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၁၆ ၅၀၇၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်