
ရန်ကုန် မေ ၂၃
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို မေ ၂၄ ရက် (ယနေ့) နေ့လယ်ပိုင်းတွင် ပြုလုပ်သွား မည်ဖြစ်ပြီး မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းခြေစစ်ပွဲ နှစ်ခုစလုံးတွင် အသင်း စုစုပေါင်း ၄၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲ၍ ပြုလုပ်မည်ဖြစ် သည်။အာရှဖလား ယူ-၂၀ ခြေစစ် ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်၊ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၉ ရက် အထိ ပြုလုပ်မည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်း စီနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၇ နှင့် ယူ-၂၀ အသင်းမှာမူ ယင်းခြေစစ်ပွဲအပါအဝင် ယခုနှစ် အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာ ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိသည်။
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက် အရ Pot-1 တွင် သြစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အင်ဒိုနီးရှား၊ အိုမန်၊ ယီမင်၊ ဂျပန်၊ အီရန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ Pot-2 တွင် ဗီယက်နမ်၊ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘင်္ဂလားဒေ့ရှ်။ အီရတ်၊ အာဖဂန်နစ္စတန်၊ မလေးရှား၊ ဘရူနိုင်း၊ တရုတ်၊ ဟောင်ကောင်၊ Pot-3 တွင် ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ဆီရီးယား၊ ပါလက်စတိုင်း၊ တရုတ်တိုင်ပေ၊ မြန်မာ၊ ကာတာ၊ နီပေါ၊ တီမော၊ စင်ကာပူ၊ Pot-4 တွင် လာအို၊ သီရိလင်္ကာ၊ လက် ဘနွန်၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ မြောက်မာရီယာ နာကျွန်းစု၊ ဂူအမ်၊ မကာအို၊ ဘူတန်၊ Pot-5 တွင် တာ့ခ်မင်နစ္စ တန်၊ ဘာရိန်း၊ ကူဝိတ်နှင့် ယူအေအီးအသင်းတို့ ပါဝင်နေ သည်။ အာရှဖလား ယူ-၂၀ ခြေစစ် ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ် ချက်အရ Pot-1 တွင် ဆော်ဒီအာ ရေဗျ၊ တာဂျစ်ကစ္စတန်၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ယူအေအီး၊ ကာတာ၊ Pot-2 တွင် အီရတ်၊ အိုမန်၊ ဘာရိန်း၊ တရုတ်၊ ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မလေးရှား၊ ဆီးရီးယား၊ အီရန်၊ ယီမင်၊ Pot-3 တွင် ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ မြန်မာ၊ လက်ဘနွန်၊ မကာအို၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ Pot-4 တွင် လာအို၊ တာ့ခ်မင်နစ္စတန်၊ စင်ကာပူ၊ တီမော၊ မော်လ်ဒိုက်၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ နီပေါ၊ Pot-5 တွင် အာဖဂန်နစ္စတန်၊ ဂူအမ်၊ ကူဝိတ်၊ မြောက်မာရီယာ ကျွန်းစု၊ ဥဇဘက်ကစ္စတန် နှင့် ဘူတန်အသင်းတို့ ပါဝင် သည်။
ရဲရင့်လွင်