ဖူလ်ဟမ်တိုက်စစ်မှူးကာဗယ်ဟိုကို လီဗာပူးအသင်း ခေါ်ယူ 


 

ပရီမီယာလိဂ်ကလပ်   လီဗာပူး အသင်းသည်  ဖူလ်ဟမ်အသင်းမှ တိုက်စစ်မှူး  ဖေဘီယို ကာဗယ် ဟိုကို   စာချုပ်ခေါ်ယူလိုက်ပြီဖြစ် ကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။    ကာဗယ်ဟိုသည် လီဗာပူးအသင်းနှင့် ဇူလိုင် ၁ ရက် တွင် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။ 
ကာဗယ်ဟို  (၁၉ နှစ်) သည် ယခုနှစ်ရာသီတွင်    ဖူလ်ဟမ် အသင်းပရီမီယာလိဂ်သို့    တန်း တက်ခွင့်ရရှိအောင်  အဓိကအခန်း ကဏ္ဍမှ ပါဝင်ကစားခဲ့ပြီး ၁၀ ဂိုး သွင်းကာ  ရှစ်ကြိမ်  ဂိုးဖန်တီးမှု ပြုလုပ်ထားသည်။        
လက်ရှိတွင် ကာဗယ်ဟိုသည် အန်းဖီးလ်၌ အပိုဆုကြေး ၂ ဒသမ ၇ သန်းအပါအဝင် ပေါင် ငါးသန်း နှင့်အတူ  ငါးနှစ်  စာချုပ်ချုပ်ဆို လိုက်ကြောင်း        သိရသည်။ ကာဗယ်ဟိုသည် ဖူလ်ဟမ်အသင်း နှင့်ပွဲဦးထွက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင်     ကစားခဲ့ ပြီးနောက် အသင်းအတွက် ၃၈ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်းယူပေးထားသည်။                                                                                                                                  
အောင်ဇော်