ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီဝင်များ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီဝင်များ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

============================================================================================

 

နေပြည်တော် နိုဝင်ဘာ ၁၃

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီမှ ကော်မတီဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး သည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက် ကြပြီး ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးကိုကို (ကိုကို - စက်မှု တက္ကသိုလ် ) နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ တက်ရောက်ကြ သည်။

 

ဒစ်ဂျစ်တယ်မီဒီယာဖွံ့ဖြိုးတိုးတက်ရန်

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ တွင် ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ ကို ချီးကျူးပြောကြားလိုပါကြောင်း၊ အသင်းဖြစ်မြောက်ရန်အတွက် အသင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ခဲ့ရာ ဖွဲ့စည်းပြီးနောက်တွင် အသင်း ဖြစ်မြောက်ရေးအတွက် အစည်းအဝေး များ ဆက်တိုက်ကျင်းပလုပ်ဆောင်ခဲ့ ပါကြောင်း၊ အသင်းကို ဖွဲ့စည်းရန် စတင်ရည်ရွယ် ဆောင်ရွက်စဉ် ကတည်းက မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းများ စနစ်တကျ၊ ပြည့်ပြည့်ဝဝ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပါကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ဒစ်ဂျစ် တယ်မီဒီယာလုပ်ငန်းလုပ်ကိုင်နေကြ သူများ စုပေါင်း၍ မိမိတို့ အကျိုးစီးပွား ကို ဆောင်ရွက်ရင်း၊ တစ်ချိန်တည်းတွင် လုပ်ငန်းလုပ်ကိုင်သူများ အသိပညာ များ တိုးပွားကာ လုပ်ငန်းများ တိုးတက်ရေးအတွက် အသိပညာများ မျှဝေရေး၊ တစ်ချိန်တည်းတွင် လုပ်ငန်း တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ထိုကဲ့သို့ လှုပ်ရှားမှုများကို ဆောင်ရွက် နေသည့်အပြင် အသင်းဖွဲ့စည်းရေး အတွက်လည်း ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း။

 

စိတ်တူကိုယ်တူစုပေါင်းဆောင်ရွက်

 

ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ် မြောက်ရေးကော်မတီ အနေဖြင့် သင်းဖွဲ့စည်းမျဉ်းရေးဆွဲခြင်း၊ အသင်း သားများ စည်းရုံးဖိတ်ခေါ်ခြင်း၊ အသင်း၏ လုပ်ငန်းများတွင် မည်သည့် လုပ်ငန်းများ အကျုံးဝင်သည် စသည် ဖြင့် တက်တက်ကြွကြွ ဆောင်ရွက်နေ ကြခြင်းတို့အတွက် ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီကို ကျေးဇူးတင်ရှိပါ ကြောင်း၊ အသင်းအဖွဲ့များသည် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိပါကြောင်း၊ စိတ်တူကိုယ်တူ၊ လုပ်ငန်းရပ်တူသူ များ စုပေါင်းဆောင်ရွက်၍ ရပါ ကြောင်း။

ဒစ်ဂျစ်တယ်မီဒီယာသည် အရှိန် အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာ သည့် အချိန်တွင် မိမိတို့အနေဖြင့် တတ်အားသမျှ အားပေးကူညီရမည် ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းသည် မီဒီယာဖြစ်သလို တစ်ဖက်တွင်လည်း စီးပွားရေး လုပ်ငန်း ဖြစ်ပါကြောင်း၊ မီဒီယာ အလုပ်သည် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ပြီး စီးပွားရေး လုပ်ငန်းသည် မိမိတို့နှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိသော်လည်း သက်ဆိုင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မီဒီယာ နှင့်ပတ်သက်သည့် လုပ်ငန်းများသည် ကမ္ဘာတွင် ကြီးကျယ်သည့် လုပ်ငန်း များဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အသင်းတွင် ပါဝင်သူများ အကျိုးရှိ မည်၊ နိုင်ငံအကျိုးရှိမည်ဟု ထင်မြင် ပါကြောင်း၊ ထို့အတွက် အသင်း ဖြစ်မြောက်ရေး အစီအစဉ်တွင် တကယ်လက်တွေ့ ပါဝင်ကူညီနိုင်မည့် အရာများကို အစွမ်းကုန်ပါဝင်ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ဖြစ်မြောက်ရေးကော်မတီကို စတင် ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ပုံမှန် အစည်းအဝေးများ ဆောင်ရွက်ခဲ့မှု၊ အွန်လိုင်းဆွေးနွေးပွဲများကို နှစ်ကြိမ် ကျင်းပခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့မှု၊ ဆက်လက် ဆောင်ရွက်သွားမည့် အွန်လိုင်းဆွေးနွေးပွဲများနှင့် ဒစ်ဂျစ် တယ်မီဒီယာအသင်း ပေါ်ပေါက်လာပါ က လူငယ်များ ပြုစုပျိုးထောင်ပေးနိုင် မည့် သင်တန်းများ၊ နည်းပညာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း အစီအမံများ၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ မြန်မာဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းကြီးမှ ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များနှင့် ယင်းတို့အတွက် အသင်းရုံးခန်းတစ်ခန်း လိုအပ်နေမှုတို့ ကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြ

 

ယင်းနောက် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကို (ကိုကို - စက်မှု တက္ကသိုလ်)က သင်းဖွဲ့မှတ်တမ်း မူကြမ်းပြုစုပြီးဖြစ်ကြောင်း၊ သင်းဖွဲ့ စည်းမျဉ်းအား အခန်း (၁၁) ခန်းကို အခြေခံ၍ ရေးဆွဲနေခြင်း၊ ဒစ်ဂျစ်တယ် မီဒီယာ၏ အနက်ဖွင့်ဆိုချက်နှင့် ယင်း နှင့်ဆက်စပ်ပြီး အသင်းသားများ၏ အရည်အချင်းများ၊ အသင်းဖွဲ့စည်းပုံ၊ ဆက်လက်ရေးဆွဲရန် ကျန်ရှိနေသည် များကို ယခုလကုန်နှင့် ဒီဇင်ဘာ လဆန်းအပြီး ရေးဆွဲမည့်အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

အသင်းကြီးပေါ်ပေါက်လာရေး

 

ဆက်လက်၍ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက မြန်မာ နိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ် နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တွင် မကြာမီ အသင်းသားများ စတင် စည်းရုံးမည့် အခြေအနေ၊ အသင်း ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်မည့် ကိစ္စများ၊ ဒီဇင်ဘာ ၂၅ ရက်မတိုင်မီ သို့မဟုတ် ဇန်နဝါရီ လဆန်းတွင် အသင်းကြီး ပေါ်ပေါက် လာရေးအတွက် အသင်းရွေးကောက်ပွဲ ကို အခြေအနေအရ ပုံမှန် သို့မဟုတ် အွန်လိုင်းဖြင့် ကျင်းပသွားနိုင်ရေး အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ကော်မတီ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်က လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းကြီး ပေါ်ပေါက်လာပါက ဆောင်ရွက်သွားနိုင်သည့် ကိစ္စများ၊ ထိုလုပ်ငန်းများ ဆောင်ရွက်ရန် သင့်တော်သည့် ရုံးခန်းတစ်ခု ပြင်ဆင် ခင်းကျင်းဆောင်ရွက်နိုင်ရန် အခြေ အနေများကို ရှင်းလင်းတင်ပြသွား သည်။

 

ဆက်လက်ပြီး ဦးသောင်းစုငြိမ်းနှင့် ဦးကိုကိုတို့က လိုအပ်သည်များကို ဆွေးနွေးကြသည်။

 

ရှောင်လွှဲမရသည့် တာဝန်

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆွေးနွေး ပြောကြားရာတွင် ဒီမိုကရေစီ လူ့ဘောင်တစ်ခုတွင် မီဒီယာ၏ တာဝန်သည် ပြီးဆုံးသွားပြီဟူ၍ မရှိပါ ကြောင်း၊ ဆက်လက်ကြိုးပမ်းဆောင် ရွက်စရာများ ရှိပါကြောင်း၊ ဒစ်ဂျစ် တယ်မီဒီယာအသင်း ပေါ်ပေါက်ရေး သည် ရှောင်လွှဲမရသည့် တာဝန်တစ်ခု ဖြစ်ပါကြောင်း၊ ကမ္ဘာအနှံ့တွင် ဒစ်ဂျစ်တယ်ကူးပြောင်းမှု အရှိန်အဟုန် ဖြင့် ဖြစ်ပေါ်နေချိန်တွင် မိမိတို့နိုင်ငံ တွင် ဒစ်ဂျစ်တယ်မီဒီယာအသင်း ပေါ်ထွန်းလာရေးသည်၊ ဒစ်ဂျစ်တယ် ခေတ်တွင် အမီလိုက်နိုင်ရန်သည် အင်မတန်အရေးကြီးသည့် အစိတ် အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ နောက် ကျသည်ဟု မဆိုနိုင်သေးပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

 

 

သတင်းစဉ်