ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type
၁

ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

=====================================

 

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း

မှာ ကူးစက်ဖြစ်ပွားလျက်ရှိနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါဆိုးကြီး ဖြစ်သလို ဒီနေ့အချိန်အထိ ရောဂါကုသဖို့ ဆေးရော၊ ကြိုတင်ကာကွယ်ဖို့ဆေးပါ တရားဝင်မတွေ့ရှိရသေး တာကို မိဘပြည်သူများ အသိပဲဖြစ်ပါတယ်။

 

ဒီရောဂါကို မဖြစ်ပွားရအောင်၊ ကူးစက်မခံရအောင် အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေက လက်ကို မကြာခဏဆေးတာ၊ Mask ကို စနစ်တကျ အသုံးပြုတာနဲ့ လူထူထပ်တဲ့ နေရာတွေကို ရှောင်ကျဉ်ပြီး အိမ်မှာပဲနေတာ အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။

 

ရောဂါဖြစ်ပွားလာမှုဟာ အချိန်ကြာလာတာနဲ့အမျှ လူသားတွေအနေနဲ့ မိမိတို့ နေ့စဉ်ပုံမှန်သွားလာလှုပ်ရှား မှုတွေကနေ Stay at Home နေထိုင်နေရတဲ့ အခြေအနေ တွေကို ငြီးငွေ့စိတ်ပျက်လာတာ၊ အလိုမကျအားငယ်လာ တာမျိုးတွေလည်း ဖြစ်လာနေကြပြီဆိုတာကိုလည်း တွေ့မြင်နေရပါတယ်။

 

သို့သော် ရောဂါကူးစက်နိုင်မှု အရှိန်အဟုန်ကို ထိန်းချုပ် နိုင်ဖို့အတွက် လတ်တလောမှာ ဒီနည်းလမ်းတွေက အထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်တာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာ ရင်း ဆက်လက်သတိပြုနေထိုင်ကြဖို့ စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။

 

ဆောင်ရန် / ရှောင်ရန်ဖြေကြား

 

မြန်မာနိုင်ငံရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကုသပေးနေမှု အနေအထား၊ ဆောင်ရန် / ရှောင်ရန် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ်တိုင်း ရှင်းလင်းဖြေကြားပေးလျက်ရှိရာမှာ ဒီနေ့ရဲ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ပါမောက္ခ ဒေါက်တာမြင့်ဟန် [ညွှန်ကြားရေး မှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁(ရန်ကုန်)၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့]တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါမောက္ခ ဒေါက်တာမြတ်ဝဏ္ဏစိုး [ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးဖြေကြားမှုတွေ စတင်နိုင်ဖို့ အတွက် ပါမောက္ခ ဒေါက်တာမြတ်ဝဏ္ဏစိုးက ဦးဆောင် ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

 

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။ ။ ဟုတ်ကဲ့၊ မိဘ

ပြည်သူများအား လုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်က နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး ဖြစ်ပါတယ်။ ဒီနေ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ကျွန်တော်နဲ့ အတူ ဆရာကြီး ပါမောက္ခ ဒေါက်တာမြင့်ဟန်နဲ့ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ် ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာ မြင့်ဟန်ကနေပြီး မေးခွန်းများကို ဖြေကြားပေးဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားအပ်ပါတယ်ခင်ဗျာ။

 

ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ဟုတ်ကဲ့ ကျေးဇူးတင်

ပါတယ်။ ကျွန်တော် ဒီနေ့ မေးခွန်းသုံးခုကို ဖြေဆိုသွားဖို့ ရှိပါတယ်။ ပထမဆုံး မေးခွန်းက ကျွန်မဟာ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံက ဆင်းပြီး အိမ်မှာ Home Quarantine တစ်ပတ်ပြီးပါပြီ။ အခုဆို Home Quarantine ပြီးတာ ၄ ရက်ရှိပါပြီ။ အခု ၄ နှစ် ကလေး၊ ၈ နှစ် ကလေးတို့နဲ့ ထိတွေ့လို့ ရပါပြီလား။ ကလေးတွေနဲ့ ထိတွေ့တဲ့အခါမှာ ဆောင်ရန် / ရှောင်ရန် တွေကို ကျေးဇူးပြု၍ ညွှန်ကြားပေးပါရှင့်လို့ မေးထားပါ တယ်။

 

ဟုတ်ပါတယ်။ ကျွန်တော်တို့ ကိုဗစ် Positive ဖြစ်ပြီး အိမ်မှာ မိသားစုကလေးတွေရှိတဲ့သူတွေအတွက်က မေးခွန်းရှင် မိခင်အနေနဲ့ စိတ်ပူပန်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ မှန်းဆမိပါတယ်။ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံက ဆင်းလာပြီဆိုရင် ဆေးရုံကလည်း ရောဂါ လက္ခဏာတွေ သက်သာမှ၊ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ပြန်လည်ပေးဆင်းခြင်းဖြစ်ပါတယ်။ ပြီးတော့ Home Quarantine အိမ်မှာလည်းဆက်ပြီး တစ်ပတ်ကို တိတိပပ လိုက်နာပြီးနေဖို့ ညွှန်ကြားပြီးလည်း ဖြစ်ပါတယ်။

 

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး အဓိက မိသားစုတွေ စိုးရိမ်တာက မိမိတို့ရဲ့ မိသားစုဝင်၊ အထူးသဖြင့် ကလေး တွေကိုပါ။ ကလေးတွေ ကူးစက်သွားမှာ စိုးရိမ်ကြတဲ့ သဘောရှိပါတယ်။ သို့သော်လည်း Home Quarantine တစ်ပတ်နေထိုင်ပြီးရင် ကိုဗစ်ရဲ့သဘောက သူက တခြားသူ ကို ဆက်ပြီး ကူးစက်နိုင်ခြေအတိုင်းအတာက နှစ်ပတ်ဆိုရင် စိတ်ချရပါတယ်။ အဲဒီတော့ Positive ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်လည်း ကျော်သွားပြီလို့ သိရပါတယ်။ ဒါဆိုရင် မိမိရဲ့ ကလေးတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံလို့ရနေပါပြီလို့ ဖြေကြားချင်ပါတယ်။

 

အကြံပြုချက် ၄ ချက် လိုက်နာ

 

ကလေးတွေကို ကြည့်လိုက်တော့ အသက်က ၄ နှစ်နဲ့ ၈ နှစ်ဆိုတော့ နို့တိုက်ရတဲ့အရွယ်၊ ရင်ခွင်ပိုက်ကလေး အရွယ်တွေမဟုတ်တော့တဲ့အတွက် ဆက်လက်ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ပြောရမယ်ဆိုရင် ကိုဗစ် ကူးစက်မှုမြင့်မားတဲ့ကာလမှာ ကျွန်တော်တို့ အမြဲတမ်း အကြံပြုနေတဲ့ အချက် ၄ ချက်ကို ဆက်လက်ပြီး လိုက်နာဖို့ လိုပါတယ်။ အဲဒီတော့ မလိုအပ်ဘဲနဲ့ ထိတွေ့မှုတွေကို ရှောင်ရပါမယ်။ လက်ကို မကြာခဏဆေးရပါမယ်။ Mask ကို တပ်ရပါမယ်။ လူစုလူဝေးရှိတဲ့နေရာတွေကို တတ်နိုင် သမျှ ရှောင်ကျဉ်ရပါမယ်။ အမေအနေနဲ့စိတ်ပူတဲ့ သူက နေတစ်ဆင့် ကူးစက်ဖို့လမ်းကတော့ တော်တော်လေး နည်းပါတယ်။ ဒါပေမယ့် ကလေးတွေအနေနဲ့ အပြင်ကနေပြီး တခြားကနေ ကူးစက်နိုင်တဲ့အနေအထားတွေ ရှိနိုင်တဲ့ အတွက် ဒါကို ကျွန်တော့်အနေနဲ့ သတိပြုစေချင်ပါတယ်။

 

အထူးသဖြင့် ကလေးတွေ ဆော့ကစားတဲ့အချိန်တို့၊ ကလေးချင်း တွေ့ထိတဲ့အချိန်တွေ၊ ဈေးတို့ ဘာတို့ကို မိဘတွေက ခေါ်သွားခဲ့ရင်ဖြစ်ဖြစ် လူအုပ်ရှိတဲ့နေရာတွေကို သွားမယ်ဆိုရင် ၈ နှစ် ကလေးက Mask တပ်ဖို့ လိုပါလိမ့် မယ်။ ၄ နှစ်အရွယ်ကလေးက Mask တပ်ရတာ အခက်အခဲ ရှိနိုင်တဲ့အတွက် Social Distancing နဲ့အညီ ခပ်ခွာခွာလေး နေဖို့ ဒါတွေကို သတိပြုစေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ခြုံပြောရရင် ကူးစက်မှုအခွင့်အလမ်းက မိမိကလေးတွေကို အလွန်နည်းသွားပါပြီ။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ ပတ်သက် ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ဆက်လက်ပြီးလိုက်နာဖို့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်။

 

တစ်ဆက်တည်းမှာပဲ ကလေးတွေဟာ ယေဘုယျအား ဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအနေနဲ့ ကလေးတွေမှာ ကူးစက် ခံရနိုင်တဲ့အနေအထား အင်မတန်နည်းပါးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိရှိဖို့လိုပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုဗစ်ရောဂါသည် အသက်အရွယ်မရွေး၊ လူမျိုး မရွေး၊ ဘာသာမရွေး အားလုံးကို ကူးစက်နိုင်တဲ့ အနေ အထားရှိတဲ့အတွက် ဒါတွေကို သတိထားရှောင်ကျဉ်သင့်ပါ တယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားချင်ပါတယ်။

 

နောက်ဒုတိယမေးခွန်းက ကိုဗစ် Positive ဖြစ်လို့သာ Quarantine Center ကို သွားလိုက်ရတယ်။ နှာစေး ချောင်းဆိုးခြင်းလည်း မရှိဘူး။ အနံ့အရသာပျောက်ခြင်း လည်း မရှိဘူး။ ဖျားနာခြင်းလည်း မရှိပါ။ ကိုဗစ်လက္ခဏာ တွေ တစ်ခုမှ မဖြစ်ပါဘူး။ ပုံမှန်စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းပဲ အဲဒါဘာဖြစ်လို့ပါလဲ။ ကိုယ်နဲ့ နီးနီးကပ်ကပ် နေမိတဲ့ Quarantine ဝင်နေဆဲ ကျွန်မ အမျိုးသားနဲ့ ၃ နှစ်အရွယ်ကလေးက Negative ပါ။ အဲဒါဘယ်လိုဖြစ်တာ ပါလဲရှင် ဆိုပြီး မေးထားပါတယ်။

 

ဘာလက္ခဏာမှ မရှိ

 

ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကိုဗစ်မှာ ၈၀ ရာခိုင်နှုန်း သော ကူးစက်ခံရသူတွေက ရောဂါလက္ခဏာ သာမန် လောက် ပြတာတွေလည်းရှိတယ်။ တချို့တွေဆိုရင် မသိ မသာပြလိုက်တဲ့ လူနာတွေနဲ့ သတိမထားမိတာတွေလည်း ရှိပါတယ်။ တချို့ဆိုရင် စောစောကမေးခွန်းရှင် မေးထား သလို ဘာလက္ခဏာ တစ်ခုမှမရှိဘူး။ ဒါပေမယ့် Positive ဖြစ်သွားတယ်။ ဒီလိုမျိုးလည်း ရှိပါတယ်။

 

ဒီရောဂါလက္ခဏာ ပြင်းထန်တာတွေက ၅ ရာခိုင်နှုန်း လောက်ဖြစ်တယ်။

အတန်အသင့် ပြင်းထန်တာတွေက ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်ဆိုတော့ ကိုဗစ်ရောဂါကူးစက် တိုင်း ရောဂါလက္ခဏာ မပြပါဘူး။ သို့သော် ရောဂါလက္ခဏာ မပြတဲ့သူကလည်း တခြားသူကို ကူးစက်နိုင်တဲ့အခွင့်အလမ်း တွေ၊ အနေအထားမျိုးတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် သူရဲ့ အမျိုးသားနဲ့ ၃ နှစ်အရွယ် ကလေးက Negative ဖြစ်တယ်။ အဲဒါဘာဖြစ်လို့ပါလဲဆိုတော့ စောစောက ကျွန်တော် ဆွေးနွေးသလိုပါပဲ။ ကလေးတွေက အခြေခံ ယေဘုယျ သဘောတရားအားဖြင့်ကိုက ကိုဗစ်ရောဂါ နဲ့ပတ်သက်ပြီး ကူးစက်ခံရတဲ့နှုန်းထားက လူကြီးတွေလို မများပါဘူး။ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ရောဂါကူးစက်မှုမှာ မိမိမှာရှိတဲ့ ကိုယ်ခံအားပေါ်မှာလည်း မူတည်ပါတယ်။ ကိုဗစ် ဗိုင်းရပ်စ်ပိုးရဲ့ ပြင်းထန်မှုအားပေါ်မှာလည်း မူတည် ပါတယ်။ သူ့ရဲ့ ပိုးကောင်ရေ အရေအတွက် ဒါမျိုးတွေ လည်း မူတည်နေပါတယ်။

 

ဒါ့အပြင် ကူးစက်ပုံနည်းလမ်း ဖြစ်ပါတယ်။ အထူး သဖြင့် ကူးစက်တာများတာက အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာတွေရှိရင် ပိုပြီးကူးစက်တာ များပါ တယ်။ ဥပမာ - ချောင်းဆိုးနေမယ်။ နှာစေးနေမယ် စသဖြင့် ဒီလိုမျိုးတွေရှိရင် ကူးစက်မှုဖြစ်စေတဲ့အတွက် မေးခွန်းရှင်က သူ့မှာ ဒီလက္ခဏာတွေ ဘာမှမရှိတဲ့အတွက် မိမိရဲ့ အမျိုးသားမှာရော၊ ကလေးမှာရော ကူးစက်မှု မရှိတာ ဖြစ်နိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြား လိုပါတယ်။

 

ဘယ်လိုပဲပြောပြောပေါ့နော်၊ ရောဂါလက္ခဏာတွေ မရှိဘူးဆိုတာ ဝမ်းသာဖို့လည်း ကောင်းပါတယ်။ မိမိရဲ့ ကလေးနဲ့ အမျိုးသားက Quarantine ဝင်ရတယ်ဆိုတာက သူတို့ကိုလည်း စောင့်ကြည့်ရတာပါ။ အထူးသဖြင့် ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်တယ် ဆိုတော့ ဒါကို စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားချင်ပါတယ်။

 

နောက်ဆုံးမေးခွန်းက ကျွန်တော်တို့ ဒီအစီအစဉ်တွေ မှာ မကြာခဏလည်း ဖြေကြားပြီးဖြစ်ပါတယ်။ ဒါပေမယ့် မေးလာတဲ့အတွက်လည်း ထပ်ပြီးဖြေပါမယ်။ မေးခွန်းက ကိုဗစ်ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲမှာ တစ်လခွဲလောက် ရှိနေတယ်ဆိုရင် အဲဒီလူကို ထိခိုက်လား၊ အသက်ဆုံးရှုံးမှု ရော ဖြစ်ပေါ် နိုင်သလား၊ ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတဲ့နောက်ပိုင်းကို ဆိုလိုပါတယ် လို့ မေးထားပါ တယ်။

 

ဟုတ်ပါတယ်။ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲတွေ က ကျွန်တော်တို့ အရင်ကလည်း ပြောထားခဲ့ပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ ဘယ်လောက်ထိဆိုးလဲ အပေါ်မှာလည်း မူတည်ပါတယ်။ တချို့တွေကျတော့လည်းပြင်းပြင်းထန်ထန် အဆုတ်နဲ့ပတ်သက်ပြီး အသက်ရှူရ ကျပ်တယ်။ ICU ထဲမှာ ကုသမှုခံယူရတယ်။ အသက်ရှူ ပံ့ပိုးစက်တွေရဲ့ အကူအညီယူရတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းမှုတွေ ဖြစ်ပေါ်တဲ့အထိလည်း ဒါဖြစ်နိုင်ပါတယ်။

 

အားအင်ချည့်နဲ့ နွမ်းနယ်

 

ယေဘုယျအားဖြင့် ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတယ်ဆိုရင် ကုသမှုအပိုင်းအရ တော်တော်လေး လုံလောက်ပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ရဲ့ တွေ့ရှိချက်တွေအရ အချိန်အတန်အကြာဖြစ်ပြီး တဲ့နောက်ပိုင်းမှာ ရင်ဘတ်အောင့်တာတွေ၊ ရင်ဘတ် လေးလံတာတွေ၊ ချောင်းဆိုးတာဆက်ပြီး ကျန်တာတွေ၊ အသိဉာဏ်၊ မှတ်ဉာဏ်တွေ လျော့နည်းလာတာတွေ၊ ညအိပ်တဲ့အခါမှာ အိပ်မပျော်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှု များတာနဲ့ စိတ်ကျဝေဒနာဖြစ်တာတွေ ဒါတွေလည်း ရှိတတ်ပါတယ်။ တချို့တွေကလည်း အသက်ရှူမဝတာတွေ လည်း ခံစားရပါတယ်။ တော်တော်များများ ခံစားရတဲ့ လက္ခဏာတစ်ခုက အားအင်ချည့်နဲ့ပြီး နွမ်းနယ်နေတာ မျိုးကို လူနာ ၅၀ ရာခိုင်နှုန်းကျော်က ခံစားရတာကို တွေ့ရှိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာတွေမှာလည်း ခံစားရမှုတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားရမှုအားနည်းတာတွေ၊ ဟန်ချက်မထိန်းနိုင်တာတွေ၊ ခြေတုန်၊ လက်တုန် ရောဂါ တွေ ဖြစ်တာမျိုးကိုလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တချို့ ဆိုရင် အနံ့ပျောက်တာနဲ့ အရသာပျောက်တာကို တာရှည် စွာခံစားရတဲ့ လူနာမျိုးတွေလည်း ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။ ကျေးဇူးတင်ပါ တယ်။

 

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။ ။ ကျေးဇူးတင်ပါတယ်

ဆရာ။ ဆက်လက် ပြီး ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက ဖြေကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ကျေးဇူးတင်ပါတယ်။

ကျွန်တော့်ကို မေးထား တဲ့ မေးခွန်းတစ်ခုက ဘာလဲဆိုတော့ ဆရာဝန်ကြီးများ ရှင့်။ ကိုဗစ် - ၁၉ ရောဂါပိုးသည် ဆံပင်များပေါ်တွင် ကပ်ငြိ၍ အသက်ရှင်နေနိုင်ပါသလားရှင့် ဆိုတာဖြစ်ပါ တယ်။ ကျွန်မတို့မှာ နေ့တိုင်း လုပ်ငန်းခွင်သို့ သွားရသော် လည်း အသက်အရွယ်အရ နေ့တိုင်းခေါင်းမလျှော်နိုင်သော ကြောင့်သိလို၍ ဖြေကြားပေးစေလိုပါတယ်ရှင့် ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆံပင်မရှိတဲ့သူကို ဆံပင်အကြောင်း မေးတော့ ဘယ်လိုဖြေရမလဲ စဉ်းစားရပါတယ်။

 

တကယ်တော့ လေ့လာထားတာက The Lancet ထဲမှာရှိပါတယ်။ ဆံပင်နဲ့ပတ်သက်ပြီးတော့ လေ့လာ ထားချက် The Lancet ဆိုတဲ့ သိပ္ပံဂျာနယ်ထဲမှာ အဝတ် အစားတွေနဲ့ ပတ်သက်ပြီး လေ့လာထားတာ၊ မျက်နှာ ပြင်တွေနဲ့ပတ်သက်ပြီး လေ့လာထားတာရှိပါတယ်။ အဝတ်အစားနဲ့ဆိုရင်တော့ သူက အဝတ်အစားပေါ်မှာ ပိုးက တစ်ရက်လောက် အသက်ရှင်နေနိုင်တယ်။ ဒါပေမယ့် Hard Surface လို မာတဲ့နေရာတွေ၊ Stainless Steel တွေ၊ ပလတ်စတစ်တွေအပေါ်မှာဆိုရင် ၄ / ၅ ရက် လောက်အထိ အသက်ရှင်နေနိုင်ပါတယ်။

 

ဆံပင်မှာ ပိုးကပ်ငြိစရာအကြာင်းမရှိ

 

ဆံပင်ကိုတော့ အတိအကျလေ့လာထားတဲ့ လေ့လာ ချက်တော့ ရှာလို့မတွေ့ပါဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ရေးထားတာ တော်တော်များများရှိပါတယ်။ နာရီပိုင်း ကနေ ရက်ပိုင်းအထိ ဒီပိုးက ရှိနေနိုင်တယ်လို့ တော်တော် များများကယူဆပြီး ရေးထားတာရှိပါတယ်။ ဒါနဲ့ပတ် သက်ပြီး တကယ်တော့ ဆံပင်ကတစ်ဆင့် ကူးစက်နိုင် တာက ဆံပင်ကနေ လက်ကိုကူးမယ်၊ လက်ကနေ တစ်ဆင့် အဓိကကူးနိုင်မယ်။ ဒါနဲ့ပတ်သက်ပြီး လိုက်နာ ရမှာက လက်ဆေးတာဟာ အရေးကြီးပါတယ်။ အခုလည်း တော်တော်များများ ဆံပင်ကို ကာကွယ်ထားကြတယ်။ Cap စွပ်ထားကြတယ်။ အစိမ်းတွေ၊ အပြာတွေ ဒီလို စွပ်ထားရင်လည်းရတယ်။ အချို့လည်း အဝတ်နဲ့ ပေါင်း ထားတယ်။ အချို့လည်း ဦးထုပ်ဆောင်းထားတယ်။ အဲဒီ လိုမျိုး ကာကွယ်ထားရင်လည်း ရပါတယ်။

နောက် Social Distancing ခြောက်ပေအကွာမှာနေမယ်ဆိုရင်လည်း ကိုယ့် ဆံပင်မှာ ဘာပိုးမှ အခြားသူဆီက ကပ်စရာအကြောင်း မရှိဘူး။ ဒါ့အပြင် အားလုံးက Mask ကိုတပ်မယ်။ အခု လည်း Campaign လုပ်နေတယ်။ ရန်ကုန်မှာဆိုရင် နေရာအနှံ့အပြားမှာ ဒါကို Campaign လုပ်တယ်။ ပြည်သူလူထုကိုသိအောင် နှိုးဆော်တာတွေနဲ့ အသိပေး တာတွေလုပ်တယ်။ Mask ရယ်၊ Face Shield ရယ်။ ကျွန်တော်တို့ မဲပေးတုန်းကလည်း Mask ရော၊ Face Shield ရော တပ်ရပါတယ်။ ဒီလိုသာ လူတိုင်း၊ လူတိုင်း Mask ရော၊ Face Shield ရော တပ်မယ်ဆိုရင် ကျွန်တော်တို့ ဆံပင်မှာ ဒီလိုပိုးတွေ ကပ်ငြိစရာအကြောင်းမရှိဘူး။

 

ဒါကြောင့် အရေးကြီးတာက ကိုဗစ် - ၁၉ ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ လိုက်နာရမယ့် အချက်တွေ ကိုသာ လိုက်နာမယ်ဆိုရင် ကျွန်တော်တို့ ဆံပင်တွေမှာ ကပ်ငြိမှာမဟုတ်ဘူး။ တကယ်လို့ မတော်တဆများ လူတစ်ယောက်က ကိုယ်နဲ့ကပ်ပြီး ချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာတို့ ဖြစ်သွားရင် ဆံပင်မှာ ကပ်သွားနိုင် သလားဆိုတော့ ကပ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခုနောက်ပိုင်းမှာ ဆံပင်ကို ခဏခဏ သပ်တာ၊ ခဏခဏဖြီးတာ မလုပ်သင့်ဘူး။ အဲဒါတွေဟာ သတိထားရမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စောစောကလို ဖြစ်ပွားခဲ့မယ်ဆိုရင် သန့်ရှင်း ဖို့လိုအပ်ပါတယ်။ ဒါကြောင့် စာအုပ် တော်တော်များ များထဲမှာ ရေးထားတာက တစ်နေ့ကို တစ်ကြိမ်ခေါင်း လျှော်ဖို့ Recommend လုပ်ပါတယ်။ ဒါပေမယ့် တော်တော် ခက်ခဲပါတယ်။ နေ့တိုင်းသာ ခေါင်းလျှော်ရမယ်ဆိုရင် ကျွန်တော့်လိုလူမျိုးအတွက် ပြဿနာမရှိပေမယ့် ဆံပင်ရှည်တဲ့သူတွေအတွက်ဆို နေ့တိုင်းခေါင်းလျှော်ဖို့ အတော်ခက်ပါတယ်။ ဆိုတော့ ဒါဟာ မဖြစ်နိုင်ဘူး။ ခဏ ခဏခေါင်းတွေလျှော်နေရင်လည်း ဆံပင်တွေ ပျက်စီးမှာ ပါ။

 

ဒါကြောင့် တကယ်လိုက်နာသင့်တာက ကျွန်တော် တို့အားလုံး အခုသတ်မှတ်ထားတဲ့အတိုင်းပဲ Mask ကို တပ်ပါ။ Face Shield ကိုတပ်ပါ။ Protection အနေနဲ့ ဆံပင်ကို၊ ခေါင်းကို Cap စွပ်ပါ။ ဈေးတွေ၊ လူများတဲ့ နေရာတွေ၊ လူစုလူဝေးဖြစ်တဲ့နေရာတွေကို သွားမယ် ဆိုရင် Cap ကိုစွပ်ထားဖို့၊ ဖြစ်နိုင်ရင် တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် တတ်နိုင်သမျှ အလုံအခန်းကျဉ်းကျဉ်းထဲမှာ လူအများကြီးနေတာဆိုရင် ဆံပင်မှာ ပိုးတွေကပ်ငြိနိုင်ပါတယ်။ ဒါကြောင့် အဲဒီ မေးခွန်းကို ကျွန်တော်အခုလိုပဲ ဖြေကြားပါရစေ။

နောက်မေးခွန်းနံပါတ် ၂ ကတော့ ကျွန်တော်မှတ်မိ ပါတယ်။ ပြီးခဲ့တဲ့ မေးခွန်းနဲ့ အဖြေကဏ္ဍမှာ ပါမောက္ခ ဆရာကြီးဦးထင်အောင်စော ဖြေကြားပြီးသားပါ။ ခုခံအား ကျဆင်းတဲ့သူ ကူးစက်ရင် ပြန်ပျောက်နိုင်ပါသလား၊ အသက် ဆုံးရှုံးမှုဖြစ်နိုင်ပါသလားဆိုတာ ဖြစ်ပါတယ်။

 

သာမန်လူတွေနဲ့အတူတူ

 

ခုခံအားကျဆင်းတဲ့သူတွေမှာ ခုခံအားကျဆင်းတဲ့ ရောဂါ HIV လိုဟာမျိုးဆိုရင် ဒီဟာကိုသာ ပုံမှန်ဆေးကုသ မှုတွေ ခံယူနေမယ်ဆိုရင်၊ ဆေးပုံမှန်သောက်နေမယ်ဆိုရင် ကျွန်တော်တို့တွေနဲ့ အတူတူပါပဲ။ သာမန်လူတွေနဲ့ အတူ တူပါပဲ။ သူ့ရဲ့ပိုးဝင်ရင်ဖြစ်မယ့် ရောဂါလက္ခဏာတွေ၊ ခံစားရမှာတွေ၊ အသက်အန္တရာယ်တွေဟာ အတူတူပါပဲ။ ဘာမှကွဲပြားခြင်း မရှိပါဘူး။ ဒါကြောင့် ခုခံအားကျဆင်း တဲ့သူ၊ ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ခံစားနေရသူနဲ့ မခံစား ရတဲ့သူဟာ မကွာပါဘူး။

 

ဒါပေမယ့် ကျွန်တော်တို့ရဲ့ Body Resistance သိပ်နည်းနေတဲ့သူတွေဆိုရင်တော့ ကိုယ်ခံအားကောင်း အောင် စားတာ၊ သောက်တာ၊ Vitamin C တွေကို ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ၊ အမေးအဖြေတွေမှာ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထူးအများကြီး မဖြေကြားတော့ပါဘူး။ တကယ်တော့ HIV ကူးစက်တဲ့သူတွေဟာ ဆေးသာပုံမှန် သောက်နေမယ်၊ ပုံမှန်ကုသမှုခံယူနေမယ်ဆိုရင် ကျွန်တော် တို့တစ်တွေနဲ့ အတူတူပဲဖြစ်ပါတယ်။

 

နောက်ဆုံးမေးခွန်းက ကိုဗစ် - ၁၉ ရောဂါဖြစ်ပြီးနောက် ထပ်ပြီးကူးစက်နိုင်ပါသလား။ ပျောက်သွားရင်လည်း နောက်ဆက်တွဲဆိုးကျိုး၊ ကောင်းကျိုးတွေ ဘယ်လိုဖြစ်နိုင် ပါသေးလဲ ဖြေပေးစေချင်ပါတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး နှစ်ပိုင်းဖြစ်ပါတယ်။ ပထမပိုင်းက ကူးစက်နိုင်ပါသလား၊ နောက်တစ်ပိုင်းက ပျောက်သွားရင် နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။ ခုနဆရာကြီး ဦးမြင့်ဟန်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြေကြားသွားပြီးသားဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပထမပိုင်းကို ဖြေရမယ်ဆိုရင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး နောက်ထပ်ကူးစက်နိုင်ပါသလား ဆိုတော့ တစ်ကမ္ဘာလုံးက ဒါနဲ့ပတ်သက်ပြီး လေ့လာ ချက်တွေနဲ့ Report လုပ်ထားတာကတော့ လေးယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဒီနေ့နံနက်ပဲ အင်တာနက်က ရှာပါတယ်။ ရှာကြည့်တော့ ကမ္ဘာပေါ်မှာ နိုင်ငံအနှံ့က ဒီလူ ကတော့ အရင်တုန်းက ကိုဗစ်ဖြစ်တယ်။ ဖြစ်ပြီးတော့ ပျောက်သွားတယ်။ Negative ဖြစ်သွားပြီးတော့ နောက် တစ်ခေါက်ပြန်ပြီး ကိုဗစ်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိပြီး တရားဝင် Report လုပ်ထားတာ လေးယောက်ပဲ ရှိပါသေးတယ်။

 

အခုလိုမျိုး သန်းနဲ့ချီပြီး ဖြစ်နေတဲ့အချိန်မှာ လေး ယောက်ပဲ ဖြစ်တယ်ဆိုတော့ ရှားပါတယ်လို့ ပြောရင်လည်း ရပါတယ်။ ဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေးကို နည်းပါ တယ်။ ဒါပေမယ့် ကိုဗစ် - ၁၉ အကြောင်းကို ကျွန်တော်တို့ တိတိကျကျ သိတဲ့သူမရှိသေးဘူး။ ကျွန်တော်တို့အားလုံးဟာ ဒါကို လေ့လာနေကြတုန်း၊ ရှာဖွေနေကြတုန်းဖြစ်တဲ့အတွက် လောလောဆယ် နိုင်ငံတကာမှာ ဖြစ်တဲ့အနေအထားကို ဖြေကြားခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။ ။ ကျေးဇူးတင်ပါတယ်

ဆရာ။ ဆရာကြီးတို့ ဖြေပြီးတဲ့နောက် ကျွန်တော့်အနေနဲ့ Quarantine ဆိုင်ရာ မေးခွန်းသုံးခုနဲ့ ပိုးသတ်ဆေးဖျန်းခြင်းဆိုင်ရာ မေးခွန်း တစ်ခုကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

 

ပထမဆုံးမေးခွန်းအနေနဲ့ အလုပ်ကိစ္စနဲ့ ရန်ကုန်မှ နေပြည်တော်သို့ လာရောက်ရာတွင် Quarantine ရက် မည်မျှနေထိုင်ရမည်ကို သိရှိလိုပါတယ်။ တရားဝင်အမိန့်စာ ထုတ်ပြန်ထားခြင်း ရှိ / မရှိ သိလိုပါတယ်ဆိုပြီး မေးမြန်းထား ပါတယ်။

 

ဒီမေးခွန်းက တစ်နိုင်ငံလုံးက ပြည်သူတွေလည်း စိတ်ဝင်စားမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အကျယ် တဝံ့ ဖြေကြားသွားဖို့ စီစဉ်ထားပါတယ်။ နေပြည်တော် ကောင်စီအနေနဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက် ကစပြီး အမိန့်အမှတ် ၉၄ / ၂၀၂၀ နဲ့ ၉၅ / ၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအမိန့်တွေက ပြည်ထောင်စု နယ်မြေနေပြည်တော်သို့ လာရောက်သူများနဲ့ နေပြည် တော်မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်သူများ သိရှိလိုက်နာ ရန် အသိပေးကြေညာချက်ဖြစ်ပါတယ်။

 

စစ်ဆေးမှုခံယူ

 

ထို့အတူပဲ အမိန့်အမှတ် ၉၅ / ၂၀၂၀ ကတော့ နေပြည် တော်သို့ လာရောက်မယ့် ဝန်ထမ်းများနဲ့ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်မယ့် ဝန်ထမ်းများသိရှိလိုက်နာစေရန် ဖြစ်ပါတယ်။ အဲဒီအမိန့်ကြေညာစာတွေမှာ ဖော်ပြထားတဲ့ အဓိကအချက်ကတော့ နေပြည်တော်ကို ပြန်လည်ဝင် ရောက်မယ့် မည်သူမဆို Facility Quarantine ကို အတိုင်း အတာတစ်ခုဝင်ရမယ်။ ပြီးရင် ဆေးစစ်ဆေးမှုခံယူပြီး ရောဂါကင်းရှင်းကြောင်းရရှိမှသာ နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုထားတာဖြစ်ပါတယ်။

 

အဲဒီမှာလည်း ကျွန်တော်တို့က ဘယ်လိုစိစစ်ထားသလဲ ဆိုတော့ လာရောက်တဲ့ဒေသ ဘယ်ဒေသက လာသလဲ။ ရောဂါဖြစ်ပွားခြင်းမရှိတဲ့ မြို့နယ်တွေက လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ Facility Quarantine ဝင်တယ်။ တစ်ရက်အကြာမှာ Swab ယူပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး သုံးရက်အကြာမှာ ရောဂါပိုးမရှိဘူးဆိုရင် နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုပါတယ်။

 

Stay at Home လို့ခေါ်တဲ့ ရောဂါဖြစ်ပွားမှုရှိတဲ့ မြို့နယ် တွေက လာမယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ Facility Quarantine ကို ၁၄ ရက်ထားပြီး Swab နှစ်ကြိမ် စစ်ရပါ မယ်။ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုပ်ငန်းဆောင်ရွက်ဖို့ ခေါ်ယူခြင်းခံရတဲ့ ဝန်ထမ်းတွေဆိုရင် ခုနစ်ရက်နဲ့ Swab နှစ်ကြိမ်စစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာက အခုတည်ဆဲအမိန့်တွေအရ နေပြည်တော် ကို ဝင်ရောက်မယ်ဆိုရင် Facility Quarantine မဖြစ်မနေ ဆောင်ရွက်ပြီး Swab စစ်ခံရမှာဖြစ်ပါတယ်လို့ ဖြေကြား လိုပါတယ်။

 

အဲဒီမှာ ဒုတိယအချက်အနေနဲ့ Hotel Quarantine ဝင်ရောက်ဖို့ကိစ္စ ဖြစ်ပါတယ်။ နေပြည်တော်မှာ Quarantine ဝင်ရောက်ဖို့အတွက် Facility Based Quarantine အနေနဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာနဲ့ ရွာတော် စစ်ကြော ရေးနဲ့ တည်းခိုရေးစခန်းတွေကို ထားရှိလေ့ရှိပါတယ်။

 

ထို့အတူ ဟိုတယ်တွေကိုလည်း ချိတ်ဆက်ထားပြီး ဟိုတယ်မှာ နေရာရှိရင် Hotel Quarantine ပေးဝင် လေ့ရှိပါတယ်။ Hotel Quarantine ဝင်ဖို့အတွက်ကို နေပြည်တော်ကောင်စီကိုတင်ပြပြီး နေပြည်တော် ကောင်စီရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရတာဖြစ် ပါကြောင်း ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။

 

ဒုတိယအချက်အနေနဲ့ ခရီးသွားလာတာနဲ့ ဆက်စပ်ပြီး အခုကျွန်တော့်အမျိုးသမီး မီးဖွားတာနဲ့ ဆက်စပ်လို့ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ကနေ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကိုသွားရင် Q ဝင်ရမှာလား။ ဆေးစစ်ချက် မယူထားရင် လမ်းမှာ တားထားတာခံရမှာလားဆိုပြီး မေးထားတာရှိပါတယ်။

 

အဲဒီအတွက်တော့ နွားထိုးကြီးမြို့နယ်က Stay at Home မြို့နယ်မဟုတ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ပုသိမ်မြို့ကို တိုက်ရိုက်သွားရင် Quarantine ဝင်စရာမလိုပါဘူး။ တကယ်လို့ Stay at Home မြို့နယ်ကတစ်ဆင့် လာမယ်ဆိုရင်တော့ Quarantine ဝင်ရမှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ဖြေကြားလိုပါတယ်။

 

နောက်ပြီး တတိယအချက်အနေနဲ့ ဆေးစစ်ပြီး ရောဂါပိုးမတွေ့ရှိသူကို ရပ်ကျေးမှာ Quarantine ဝင်ခိုင်း တာ ဘာကြောင့်လဲ။ ကျန်းမာရေးဌာနက ထုတ်ပြန် ထားတာ ရှိပါသလား။ သိရှိနိုင်ရန် မေးမြန်းအပ်ပါသည် ဆိုပြီး မေးထားပါတယ်။ ခုန ဆရာကြီးပါမောက္ခ ဒေါက်တာမြင့်ဟန် ဖြေကြားတဲ့အထဲမှာလည်း ပါပါ တယ်။ ကျွန်တော်တို့သည် Facility Quarantine ပြီးရင် Home Quarantine တစ်ပတ်ဆောင်ရွက်ရပါတယ်။ ဒါသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ Guideline ဖြစ်ပါတယ်။ ဒါကြောင့် ဆေးစစ်ပြီး ပိုးမတွေ့ရှိတဲ့သူတွေလည်း လွတ်လွတ်လပ်လပ် မသွားရ သေးဘဲ တစ်ပတ်ခန့် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း Quarantine ကို ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်။

 

နောက်ဆုံးမေးခွန်းက ကြေးချွတ်ဆေးကို ရေနဲ့ ရောပြီး ပိုးသတ်ဆေးအဖြစ် အသုံးပြုနေတာတွေ့လို့ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေတွေမှာ သုံးသင့် / မသုံးသင့် သိချင်ပါတယ်။ အန္တရာယ်မရှိအောင် ဘယ်လို လုပ်ဆောင်ရလဲဆိုပြီး မေးထားပါတယ်။

 

ပိုးသတ်ဆေးဆိုင်ရာ

 

အဲဒီတော့ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အများ ပြည်သူနဲ့ သက်ဆိုင်သောနေရာများတွင် ပိုးသတ်ဆေး ဆိုင်ရာ သိကောင်းစရာများဆိုတဲ့ စာစောင်လေးကို ညွှန်းလိုပါတယ်။ အဲဒါသည် MOHS Website ထဲမှာ ကြည့်လို့ရပါတယ်။ အဲဒီမှာ ဖော်ပြထားတာကတော့ အများ ပြည်သူအသုံးပြုတဲ့နေရာတွေ၊ ရုံးတွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင် အဲလိုနေရာမျိုးတွေမှာရှိတဲ့ ဥပမာ - တံခါး လက်ကိုင်၊ အိမ်သာ၊ လှေကားလက်ရန်း၊ ရေပိုက်ခေါင်း၊ အလုပ်စားပွဲ စတဲ့နေရာတွေရဲ့ Hard Surface တွေမှာ ရောဂါပိုးက ၄/ ၅ ရက်ခန့် နေနိုင်တဲ့ အဲဒီဟာတွေကို ပိုးသတ်ဆေးဖျန်းသင့်ပါတယ်လို့ ကျွန်တော်တို့ အကြံပြု ထားပါတယ်။

 

ဘယ်လိုနေရာမျိုးတွေ မဖျန်းသင့်ဘူးလဲဆိုတော့ ဈေးတွေ၊ လမ်းမကြီးပေါ်တွေ၊ Open Space တွေမှာ မဖျန်းရပါဘူး။ လူသွားလျှောက်လမ်းတွေမှာ မဖျန်းရပါ ဘူး။ နောက်ပြီး သေတ္တာတွေ၊ အကန့် တွေ၊ အခန်းငယ် အလုံပိတ်တွေထဲမှာလည်း လူခန္ဓာကိုယ်အပေါ်ကို အငွေ့ တွေ၊ ဆေးတွေဖျန်းတာ မဆောင်ရွက်ဖို့ပြောထားပါတယ်။

 

အသုံးပြုဖို့ဆေးပစ္စည်းအနေနဲ့ Bleaching Powder နဲ့ ကလိုရင်းကွန်ပေါင်းတွေ၊ ဆိုဒီယမ်ဟိုက်ဒရိုက်ကလို ရိုက်၊ အဝတ်လျှော်ဆေး၊ ကြေးချွတ်ဆေးတွေကို အသုံးပြု နိုင်ကြောင်း ဖြေကြားရင်းနဲ့ ဒီနေ့ဖြေကြားတဲ့ ကျွန်တော့်ရဲ့ ဖြေကြားချက်တွေကို နိဂုံးချုပ်လိုက်ပါတယ်။

 

မိဘပြည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။