အကြိမ်(၂၀)မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၁၇


အကြိမ်(၂၀)မြောက် အာဆီယံနိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ အဆင့် မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ ဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးများတွင် ထိုင်း နိုင်ငံ နိုင်ငံ့ဝန်ထမ်း ကော်မရှင်ရုံး ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Dr. Piyawat Sivaraks က အဖွင့် အမှာစကား ပြောကြားသည်။
လေ့လာသုံးသပ်
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၁၆- ၂၀၂၀) အောက်ရှိ အကောင် အထည်ဖော်ခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ဆန်းစစ်သုံးသပ်ပြီး နောင်လာ မည့် ငါးနှစ်တာကာလအတွင်း ပိုမို ထိရောက်အကျိုးရှိစေရေး၊ အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နှင့် အာဆီယံ+၃ နိုင်ငံ များ၏ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်း စီမံချက် (၂၀၂၁-၂၀၂၅) ကိစ္စရပ်များ ကို အကြံပြုဆွေးနွေးကြပြီး အာဆီယံ၏ အခြားဆက်စပ်အစည်း အဝေးများမှ အာဆီယံ နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြု ချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ကြသည်။
ထို့ပြင် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ+ ၃ နိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေး အစီအစဉ်တို့ကို အတည်ပြုပြီး (၂၁)ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်း ထမ်းဆောင်မည့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးက အလှည့်ကျ တာဝန်ယူသည့် ကာလအတွင်း ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းကဏ္ဍဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့်အတူ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်တင်စိုး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
သတင်းစဉ်