မောင်တောမြို့နယ်၌ ARSA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် ကားမိုင်းအား အရပ်ဘက် မော်တော်ယာဉ်တစ်စီး နင်းမိပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ


 

နေပြည်တော် နိုဝင်ဘာ ၁၇


ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက သာယာ ကုန်းရွာဘက်မှ မောင်တောမြို့သို့ မောင်းနှင်လာသော အရပ်ဘက်မော်တော် ယာဉ် တစ်စီးက လိပ်ရလမ်းဆုံနှင့် ထန်းချောင်းတံတားကြား အရောက် ကားမိုင်းနင်းမိ ပေါက်ကွဲခြင်းကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆေးကုသလျက်ရှိ
အဆိုပါ ထုတ်ပြန်ချက်တွင် နိုဝင်ဘာ လ ၁၇ ရက် မွန်းလွဲ ၁ နာရီ ကျော်ခန့်တွင် မောင်တောမြို့နယ် သာယာကုန်းကျေးရွာ ဘက်မှ မောင်တောမြို့ဘက်သို့ ကျော်ရဲ အောင် (စိစစ်ဆဲ) မောင်းနှင်ပြီး ခရီးသည် ရခိုင်တိုင်းရင်းသား ရှစ်ဦး လိုက်ပါလာ သော အရပ်ဘက်ယာဉ်သည် လိပ်ရ လမ်းဆုံနှင့် ထန်းချောင်းတံတားအကြား ၌ ARSA အကြမ်းဖက်အဖွဲ့ ထောင်ထား သော ကားမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ်မှာ လမ်းယာဘက် ပေ ၅၀ ခန့်သို့ လွင့်စဉ် သွားပြီး ကားလမ်းအလယ်၌ ၁၅ ပေ ပတ်လည်အနက် ၇ ပေခန့်ရှိ မြေကျင်း တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ကားမိုင်း ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာ သည့် ယာဉ်မောင်း /ခရီးသည် ကိုးဦး အနက် ယာဉ်မောင်း အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး ကျန်ခရီး သည် ခြောက်ဦး (အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသမီး ကလေး ငယ် လေးဦး) ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သေဆုံး/ဒဏ်ရာရရှိသူများအား မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း။
အရေးယူ ဆောင်ရွက်သွားမည်
ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေ အတွင်း အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့် လမ်းမကြီးများ ပေါ်တွင် အရပ်ဘက်သုံး ခရီးသည်တင် ယာဉ်များနှင့် ဒေသခံပြည်သူလူထုအား ဒုက္ခရောက်စေရန် အဖျက်လုပ်ငန်းများ ကျူးလွန်လျက်ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်