
နေပြည်တော် နိုဝင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည် မှ ဈေးကွက်ဝင်ရောက်နိုင်သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့်နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ကြိုတင်စီမံမှုများ လိုအပ်
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ယခု ကိုဗစ်-၁၉ ကာလတွင် ထွက်ပေါ်လာ မည့်သီးနှံများကို ဈေးကွက်သို့ရောက်ရှိ ရန် ကန့်သတ်ချက်၊ တားမြစ်ချက် များကြောင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးများ၌ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ကန့်သတ်မှုများရှိလာပြီး သီးနှံ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ထိခိုက်လာနိုင်သဖြင့် ကြိုတင်စီမံမှု များ လိုအပ်လာပါကြောင်း၊ အဆိုပါ သီးနှံများအတွက် သွင်းအားစုများနှင့် အရည်အသွေးပြည့် ဓာတ်မြေဩဇာ များ မှန်မှန်ကန်ကန် လျင်လျင် မြန်မြန်ရရှိရန်လည်း လိုအပ်ပါ ကြောင်း၊ တရုတ်နယ်စပ်သို့ ဖရဲ၊ သခွား တင်ပို့ရန်အတွက် နယ်စပ်တွင် ကန့်သတ်မှုများရှိနေ၍ ကုန်စည် စီးဆင်းမှုနှောင့်နှေးနေပြီး သီးနှံ စိုက်ပျိုးသူများ ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ကြည့်၍ သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် လည်း လိုအပ်ပါကြောင်း၊ တစ်ဖက် နိုင်ငံ၏ စားသုံးမှုလည်း ကျဆင်းလာ သကဲ့သို့ စားသောက်ဆိုင်များတွင် ကြက်သွန်၊ ဂေါ်ဖီသုံးစွဲမှုနှုန်း ကျဆင်း လာသဖြင့် ဝယ်လိုအားလည်း ကျဆင်း လာသည်ကို တွေ့ရှိရပါကြောင်း၊ ပုပ်သိုးလွယ်သီးနှံများ ပြည်တွင်း ဈေးကွက်သို့ လျင်လျင်မြန်မြန် ပို့ဆောင်နိုင်ရန်အတွက် ဖြစ်ပေါ်နေ သည့် အတားအဆီးများကို ဌာနများ၊ အသင်းအဖွဲ့များပေါင်းစပ်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ချေးငွေမှရရှိနိုင်ရေး စီစဉ်ဆောင်ရွက်
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်းများတွင် အကန့်အသတ် များ ရှိနေပါကြောင်း၊ အလုပ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သည့် ကွင်းဆက်တစ်ခုလုံးအတွက် စံ သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်း များ ရေးဆွဲအဖြေရှာပေးနိုင်ပါက ကောင်းမွန်နိုင်ပါကြောင်း၊ မှိုစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် အရင်းအနှီးလိုအပ်မှုကို သမဝါယမ ချေးငွေမှရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ရာ တွင် အဓိကလိုအပ်သော သွင်းအားစု၊ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးနည်းစနစ် များရရှိရေး ဆောင်ရွက်ပေးခြင်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို သင်တန်း ပို့ချပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြည်တွင်းတွင် ကုန်တင်ယာဉ်များကန့်သတ်မှုရှိနေပြီး တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း ကုန်းကြောင်းကုန်သွယ်မှုကို အဟန့် အတားဖြစ်နေကြောင်း၊ ထိုသို့ဖြစ်ပေါ် နေမှုကို မည်သို့ကျော်လွှားကြမလဲ ဆိုသည်ကို ဆွေးနွေးရန် လိုအပ်ပါ ကြောင်း၊ Cold Storage၊ Packing House နှင့် Logistic Commodity Exchange Center များ ထူထောင် နိုင်ပါက ကုန်စည်စီးဆင်းမှုချောမွေ့ လာနိုင်ပါကြောင်း၊ ပြည်ပဝယ်လိုအား ကို ထိန်းညှိရောင်းချနိုင်ပါက ပုပ်သိုး ပျက်စီးမှု၊ ဈေးနှုန်းကျဆင်းမှုများကို ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း၊ သီးနှံကုန်စည်ဒိုင်များကို မန္တလေး၊ လားရှိုးနှင့် တန့်ယန်း(နမ့်ဖတ်ကာ) ဒေသများတွင် တည်ထောင်နိုင်ပါက ပြည်ပတင်ပို့မှုကို အထောက်အကူ ပြုနိုင်ကြောင်း၊ Stay Home ကာလ တွင် စားသုံးသူများကို ကုန်စည် ရောင်းချသည့် ဈေးကားများဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းက ဆောင်ရွက် ပေးနေသည်များ ရှိပါကြောင်း၊ ကုန်းကြောင်းပိုင်းသာမက လေကြောင်း လိုင်းဖြင့်လည်း တင်ပို့မှုများ စီစဉ်နိုင် ရန်လိုအပ်ပါကြောင်း၊ သီးနှံထွက်ရှိ ရာဒေသမှ အနီးဆုံးနိုင်ငံများသို့ တင်ပို့ နိုင်ရေး ဆွေးနွေးကြရန်လည်း လိုအပ် ပါကြောင်း၊ ကုန်သည်များအနေဖြင့် တင်ပို့လိုသည့်နိုင်ငံများကို အဆိုပြု ပေးပါက စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ မှိုစိုက်ပျိုးမှုချဲ့ထွင်ရန် လိုအပ်ပါ ကြောင်း၊ မှိုသည် ပရိုတင်းဓာတ် ကြွယ်ဝ၍ အာဟာရရှိသဖြင့် ဈေးကွက် ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်တွင် မှိုစိုက်ပျိုးမှုများပြားပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး သို့ ရောင်းချလျက်ရှိရာ မှိုစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဓာတ်ခွဲခန်း၊ ပေါင်းတင်စက် စသည် များ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်း နှင့် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်