အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (က) တွင် ပါဝင်

 

ရန်ကုန်   ဇွန်   ၉


အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂   အာဆီယံ   ယူ-၁၉   ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို    ဇွန် ၉ ရက်က ပြုလုပ်ရာ     မြန်မာအသင်းသည် အုပ်စု (က) တွင် ပါဝင်ခဲ့သည်။

 


ယင်းပြိုင်ပွဲတွင် အရှေ့တောင် အာရှ  ၁၁  နိုင်ငံလုံး     ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး         မြန်မာ အသင်းသည်  အုပ်စုကျပ်အတွင်း ကျရောက်လျက်ရှိသည်။  ပြိုင်ပွဲ ကို ဇူလိုင် ၂   ရက်မှ  ၁၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌     ကျင်းပမည် ဖြစ်သည်။

 

 အုပ်စုခွဲဝေထားမှုအရ အုပ်စု (က)   တွင်      အိမ်ရှင် အင်ဒိုနီးရှား၊  မြန်မာ၊  ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင်    မလေးရှား၊   လာအို၊ တီမော၊ ကမ္ဘောဒီးယားနှင့် စင်ကာပူ အသင်းတို့ ပါဝင်နေသည်။ မြန်မာ အသင်းသည်      ဆီမီးဖိုင်နယ် တက်ရောက်ရန် ထိုင်း၊  ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့်       အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။     ယင်း ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်တွင်   စတင် ကျင်းပခဲ့ပြီး   နှစ်စဉ် ပြုလုပ်သည့် ပြိုင်ပွဲဖြစ်သော်လည်း       အချို့နှစ် များတွင် ကျင်းပနိုင်ခြင်းမရှိသဖြင့် ယခုနှစ်တွင်     (၁၈)   ကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။   ကျင်းပ ပြီးစီးထားသည့်   ၁၇  ကြိမ်တွင်    ထိုင်းနှင့် သြစတြေးလျအသင်းတို့ က ငါးကြိမ်စီဖြင့် အအောင်မြင်ဆုံး ဖြစ်နေပြီး       မြန်မာအသင်းက နှစ်ကြိမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အီရန်နှင့် ဂျပန်အသင်း တို့က တစ်ကြိမ်စီ   ဗိုလ်စွဲထား သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် သည်   အချို့နှစ်များတွင်   အာရှ အင်အားကြီးအသင်းများကို ဖိတ် ခေါ်ယှဉ်ပြိုင်စေခဲ့သဖြင့်   ချန်ပီယံ ဆုရသည့်အသင်းများတွင်  ဂျပန် နှင့်   အီရန်အသင်း    ပါဝင်နေခြင်း ဖြစ်သည်။  ယင်းပြိုင်ပွဲကို  ၂၀၁၉ ခုနှစ်က    နောက်ဆုံးကျင်းပခဲ့ပြီး သြစတြေးလျအသင်း    ဗိုလ်စွဲခဲ့ သော်လည်း       ယခုအကြိမ်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပေ။

 


မြန်မာအသင်းသည် လေ့ကျင့် မှုပြုလုပ်လျက်ရှိပြီး    နည်းပြချုပ် အဖြစ်  ဦးစိုးမြတ်မင်းက  ကိုင် တွယ်လျက်ရှိသည်။ မြန်မာ ယူ-၁၉   အသင်းသည်    စခန်းဝင် လေ့ကျင့်နေသည့် ကာလအတွင်း ပြည်တွင်းခြေစမ်းပွဲ သုံးပွဲကစား ထားပြီး  နှစ်ပွဲနိုင်၊  တစ်ပွဲ  ရှုံးနိမ့် ထားသည်။                

ရဲရင့်လွင်