
နေပြည်တော် ဇွန် ၁၀
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးတွင် နောက်ကျ ကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ သင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်း များကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံ တော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ကို အင်တိုက်အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံအကြမ်း ဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေး ငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ် ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ် အလယ်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်း အရ အဆိုပါကျောင်းဝင်းအတွင်းရှိ စာသင်ကြားခြင်းမရှိ ပိတ်ထား သည့် သုခဝတီဆောင် အနောက် ဘက်ဘုရားအနီး လမ်းမပေါ်မှ နေ၍ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး က လက်လုပ်အသံဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် သုခဝတီဆောင်နှင့် အုတ်တံတိုင်း ကြားသို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန် ၉ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသ ကြီး စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ၁၀ တန်းကျောင်းဆောင်ရှေ့ရှိ စာသင်ခုံပေါ်၌ ဆန့်ကျင် ခြိမ်းခြောက်စာများ ပါရှိသည့် စာရွက်တစ်ရွက်ကို လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၂၅ မိနစ် တွင် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် စမ်းလှမ်း ကျေးရွာနေ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးသက်လွင်ဦး ထံသို့ ကျည်ဆန်တစ်တစ်တောင့် နှင့် LLPDF တံဆိပ်ပါ ခြိမ်းခြောက် စာ တစ်စောင်အား လည်းကောင်း ပေးပို့ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ခြိမ်းခြောက်စာ ပေးသွားသူများ ကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။ တိုင်းရင်းသား ပြည်သလူထု တစ်ရပ်လုံးအနေဖြင့် လည်း ယခုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင် ကြ ရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ် ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်