အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည် မြန်မာထိုင်လျက်ဘော်လီ‌ဘော ရွှေတံဆိပ်‌ဆုမျှော်မှန်း

 

ရန်ကုန်  ဇွန်  ၁၀  


(၁၁)   ကြိမ်မြောက်   အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ လက်‌ရွေးစင် မသန်စွမ်း အားကစား သမားများ   ထိုင်လျက်ဘော်လီ ဘောအသင်းသည်     ရန်ကုန်မြို့   ဒဂုံမြို့သစ်မြောက်ပိုင်း  မသန်စွမ်း သူများ   အားကစားလေ့ကျင့်ရေး စခန်း၌       ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိကြောင်း   သိရသည်။

 


အဆိုပါပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက် အထိ     ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

 


“လက်ရှိ‌ လေ့ကျင့်‌ရေးစခန်း မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ကနေစပြီးတော့     ဒီကစားသမား တွေကို  ခေါ်ယူပြီးတော့မှ  အား ကစားတွေကို    ပြန်စတယ်။ လေ့ကျင့်ချိန်က   အခုချိန်ထိဆို    ခုနစ်လကျော်ပြီ။   ပြိုင်ပွဲကလည်း     တော်တော် နီးကပ်နေပြီ။ ဘော်လီ ဘောဆိုရင် (၁၀)     ကြိမ်မြောက်က      ၂၀၁၉   ဖိလစ်ပိုင်မှာ  ကိုဗစ်နဲ့   ပျက်သွားခဲ့တယ်။ ကျွန်တော်တို့ ဘော်လီဘောအသင်းက      ရွှေ နှစ်ကြိမ်ရထားတယ်။     အခု တစ်ကြိမ်ရရင်   သုံးကြိမ်မြောက်  ဆက်တိုက်ဖြစ်ပါတယ်။ ဘော်လီ ဘောအနေနဲ့က   ဆုတံဆိပ်တစ်ခု ကျိန်းသေဝင်မှာပါ။      ရွှေကို   အဓိကရအောင်   ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။        သုံးကြိမ်  ဆက်တိုက်ဆိုတဲ့ဂုဏ်ကို လိုချင် ပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့တွေ   တော်တော်လေး    အား ထည့်လုပ်ဆောင်နေကြပါတယ်” ဟု  မြန်မာနိုင်ငံ  မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်       တွဲဖက် အတွင်းရေးမှူး     ဦးမင်းနိုင်ဦးက ပြောသည်။ 

 


အာဆီယံ   မသန်စွမ်း    အား ကစားပြိုင်ပွဲတွင်   မြန်မာနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊  ဘောလုံး၊   ထိုင်လျက် ဘော်လီဘောနှင့်      အလေးမ အားကစားနည်းများ၌ ဝင်‌ရောက် ယှဉ်ပြိုင်မည် ဖြစ်‌သည်။ ယခင်က ထိုင်လျက်   ဘော်လီဘောပြိုင်ပွဲ ပါဝင်ခြင်းမရှိသော်လည်း   အင်ဒို နီးရှားနိုင်ငံက    အိမ်ရှင်အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ပြီး နောက် မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 


အာဆီယံမသန်စွမ်း      အား ကစားပြိုင်ပွဲကို  ၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။ မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့်   ပြိုင်ပွဲ တစ်လျှောက်  ရွှေတံဆိပ်  ၁၈၁ ဆု၊   ငွေတံဆိပ် ၁၃၂ ဆု၊   ကြေး တံဆိပ်  ၁၄၄  ဆု  ဆွတ်ခူးထား ကြောင်း သိရသည်။

 


၂၀၁၇ ခုနှစ်က  နောက်ဆုံး ကျင်းပခဲ့သည့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ရွှေ ၁၁ ဆု၊ ငွေ ၁၅ ဆု၊ ကြေး   ၁၇  ဆု   ဆွတ်ခူးရရှိခဲ့သည်။ 


အာကာစိုး