
မန္တလေး ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဇွန် ၁၀ ရက်က ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌မန္တလေးခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယင်းဗိုလ်လုပွဲတွင် မိတ္ထီလာခရိုင်အသင်းနှင့် မန္တလေးခရိုင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်း အချိန်ပိုပွဲပြီးသည်အထိ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုး စီဖြင့် သရေပွဲ ဖြစ်ခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်း ကြရာ မိတ္ထီလာခရိုင်အသင်းက မန္တလေး ခရိုင်အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သွားသည်။
ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ပူးတွဲတတိယဆုရ ရမည်းသင်းခရိုင် အသင်းနှင့် ကျောက်ဆည်ခရိုင်အသင်းတို့မှ အားကစားသမားများကို တိုင်းဒေသကြီး အတွင်း ရေးမှူး ဦးမြင့်လွင်နှင့် တိုင်းဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးစောငြိမ်းတို့က တစ်ဦးချင်းဆုတံဆိပ်များနှင့် တတိယဆုငွေကျပ် ခုနစ်သိန်း ငါးသောင်းစီကို လည်း ကောင်း၊ ဒုတိယဆုရ မန္တလေးခရိုင်အသင်းမှ အားကစား သမားများကို တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်က တစ်ဦးချင်း ဒုတိယဆု တံဆိပ်နှင့် ဒုတိယဆုငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုများတွင် ဂိုးသမား ဆုရ မိတ္ထီလာခရိုင်မှ အောင်ဇင်ဘုန်း၊ နောက်တန်း ဆုရ မိတ္ထီလာခရိုင်မှ ဆက်ပိုင်၊ အလယ်တန်းဆုရ မန္တလေးခရိုင်မှ ကောင်းမြတ်ကျော်၊ ရှေ့တန်းဆုရ မန္တလေးခရိုင်မှ ထက်သူမောင်နှင့် ပြိုင်ပွဲပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရ မိတ္ထီလာခရိုင်မှ သီဟကျော်တို့ကို မြို့တော်ဝန် ဦးကျော်ဆန်း၊ ရဲမှူးချုပ်စိန်လွင်၊ ဦးမျိုး အောင်၊ ဦးယဉ်ထွေးနှင့် ဦးသိန်းဌေးတို့က ထူးချွန်ဆုဖလား နှင့် ဆုငွေကျပ်တစ်သိန်းစီတို့ကို လည်းကောင်း ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပထမဆုရ မိတ္ထီလာခရိုင်အသင်းမှ အားကစားသမားများကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က တစ်ဦးချင်း ပထမဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗိုလ်စွဲသွားသည့် မိတ္ထီလာခရိုင်အသင်းအား ပထမ တံခွန်စိုက်ဆုဖလား နှင့် ဆုငွေကျပ် ၁၅ သိန်းတို့ကို ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
တင်မောင်(မန္တလေး)