
နေပြည်တော် နိုဝင်ဘာ ၁၉
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ဖြစ်သည့် ဦးဟောက်ခန့်ဆုမ်းနှင့် ဩစတြီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး တာဝန်နှင့်အတူ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်ပြီးဖြစ်သည့် ဦးမင်းသိမ်း တို့ အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သမ္မတ ရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။
သတင်းစဉ်