ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ် လီဗာပူး အပြီးသတ်ခေါ်ယူ

 

ပရီမီယာလိဂ်ကလပ်     လီဗာပူးအသင်းသည် ပေါ်တူဂီကလပ်   ဘင်ဖီကာအသင်းမှ  ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင် နူနက်ဇ်ကို ခြောက်နှစ် စာချုပ်နှင့်အတူ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ 

 


အသက် ၂၂ နှစ်အရွယ် အဆိုပါတိုက်စစ်ကစား သမား၏ ပြောင်းရွှေ့ကြေးသည် အပိုဆုကြေးများပါ ထည့်တွက်ပါက ပေါင် ၈၅ သန်းအထိ ရှိလာနိုင်ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။ နူနက်ဇ်သည် ပြီးခဲ့သည့် ရာသီတွင် ဘင်ဖီကာအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားထားပြီး ၃၄ ဂိုးအထိ သွင်းယူပေး ထားသူဖြစ်သည်။ 

 


လီဗာပူးအသင်း၏ လက်ရှိစံချိန်တင် ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူထားသူမှာ ဗဟိုခံစစ်ကစားသမား ဗန်ဒိုက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဆောက်သမ်တန် အသင်းမှ ပေါင် ၇၅ သန်းဖြင့် ခေါ်ယူထားခြင်းဖြစ် သည်။  နူနက်ဇ်သည် လီဗာပူးအသင်းတွင် နံပါတ် ၂၇ ဂျာစီကို   ဝတ်ဆင်ကစားမည်ဖြစ်ပြီး  လူးဝစ် ဆွာရက်ဇ်နှင့်   ဆီဗက်စ်ယန်ကုတီးတို့ပြီးနောက် အန်ဖီးလ်တွင်     စာချုပ်ချုပ်ဆိုသည့်    တတိယ မြောက် ဥရုဂွေးကစားသမား ဖြစ်လာခဲ့သည်။    


အောင်ဇော်